
၁။ ၂၀၂၂-ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား/ ကျောင်းသူများ သိရှိရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည် -
(က) တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၂၀၂၂-ခုနှစ်၊ မတ်လ ( ၂၄ )ရက် ကြာသပတေး နေ့မှစ၍ ထုတ်ယူကြရပါမည်။
(ခ) အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရပါမည်။
(ဂ) ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရပါမည်။
၂။ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ရက်စွဲ။၂၀၂၂-ခုနှစ်၊ မတ်လ(၂၀ )ရက်။