တက္ကသိုလ်သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလို

 

နေပြည်တော်    ဧပြီ   ၁


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည်  ကချင်ပြည်နယ်  လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ  ယနေ့ မွန်းလွဲပိုင်းက  မြစ်ကြီးနားတက္ကသိုလ်သို့သွားရောက်၍  တက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနား တက္ကသိုလ်ရှိ   သုတေသနစင်တာသို့   သွားရောက် ကြည့်ရှု၍  မေ ၁၂  ရက်တွင်  တက္ကသိုလ်အသီးသီး၌ ဘာသာရပ်အစုံ၊  အတန်းစုံ  ပြန်လည်ဖွင့်လှစ်တော့ မည်ဖြစ်ရာ သက်ဆိုင်ရာကဏ္ဍအလိုက်   လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်သုတေသနကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမြဲမပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊  မိမိတို့တက္ကသိုလ်၏ သင်ကြားသင်ယူမှုများ၊ စီမံရေးရာကိစ္စရပ်များ  ပိုမို တိုးတက်ကောင်းမွန်ရေးအတွက်   စုပေါင်းအင်အား ဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ယူ မှုဝန်းကျင်ကောင်းတွင်  ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက်  မိမိတို့တက္ကသိုလ် အတွင်း  သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြည်ရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးတို့အတွက် ဆရာ ဆရာမများ အားလုံး      ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလို ကြောင်း မှာကြားသည်။

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  မကြာမီ တက္ကသိုလ်များ ပြန်လည်ဖွင့်မည်ဖြစ်၍ မြစ်ကြီးနား တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ ကျောင်းသား ကျောင်းသူ    အိပ်ဆောင်များနှင့်အားကစားရုံများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ ကို   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။  
 

သတင်းစဉ်