တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိ

 

ရန်ကုန်   နိုဝင်ဘာ   ၁


တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသား လူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊   လူမှုရေး၊  စီးပွားရေးနှင့်  လမ်းပန်း ဆက်သွယ်ရေး စသည့်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက်     သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး   အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း    တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးစော ထွန်းအောင်မြင့်က ပြောကြားသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး  လူမှုစီးပွားဘဝမြင့်မားလာစေရန်  ရည်ရွယ် ကျင်းပသည့်        အသုံးချကွန်ပျူတာအဆင့်မြင့် သင်တန်းဖွင့်ပွဲ၊   ရေခဲမုန့်၊   အဖျော်ယမကာနှင့် အအေးမျိုးစုံထုတ်လုပ်မှု       သင်တန်းဖွင့်ပွဲနှင့် အသုံးချကွန်ပျူတာ       ဆရာဖြစ်သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက   အထက်ပါအတိုင်း  ပြောကြားသည်။ အဆိုပါအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။

 


ဦးစွာ   ပြည်ထောင်စုဝန်ကြီး၊   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေး မောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဧည့်သည်တော် များက   ခင်းကျင်းပြသထားသည့်    ပြခန်းများကို ကြည့်ရှုအားပေးကြသည်။

 


ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က      အမှာစကား ပြောကြားကြသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    ဒုတိယဝန်ကြီးတို့က   အသုံးချ ကွန်ပျူတာဆရာဖြစ်သင်တန်း    (၁/၂၀၂၂)တွင် ပထမဆု၊  ဒုတိယဆုနှင့်  တတိယဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး  တိုင်းရင်းသားရေးရာဝန်ကြီး     ဦးစောဂျက်ကော့ထူးက  သင်တန်းသား သင်တန်းသူ များကို      သင်တန်းဆင်းလက်မှတ်များ   ပေးအပ်ကာ       စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်      ဧည့်သည်တော်များသည် ကွန်ပျူတာသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က     လိုအပ်သည်များကို       ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကာ    ထောက်ပံ့ငွေများ    ပေးအပ်ခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်