
နေပြည်တော် မတ် ၄
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒေါက်တာ ဗညား အောင်မိုး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အစည်း အဝေး အမှတ်စဉ် (၂ /၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲတင့်၊ ဦးမျိုးလှိုင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီး ဌာနများမှ ပေးပို့တင်ပြလာ သည့် အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကော်မတီ ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီး ဌာနများမှ တင်ပြလာသည့် အမှာ စာကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲ ရေး ကော်မတီအစည်းအဝေးသို့ ဆက်လက်တင်ပြရန် ကိစ္စရပ် များနှင့် ကော်မတီ၏ အဆုံး အဖြတ်ဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များကို အတည်ပြု သည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က တိုင်းရင်းသားရေးရာ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင် မှုရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂) တွင် ကော်မတီ ဝင်များ၏ တင်ပြဆွေးနွေးချက် များအပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ပါ ဆောင်ရွက်ရန် ကိစ္စများနှင့်ပတ်သက်၍ ဆောင် ရွက်ပြီးစီးမှု အခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးစော ထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကိစ္စရပ်များကို သက်ဆိုင် ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က နိဂုံး ချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်