
နေပြည်တော် နိုဝင်ဘာ ၂၄
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှစပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် (၆:၀၀) နာရီမှစပြီး မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’ ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး) ဘာသာ အစီအစဉ်များကို ည (၂၃:၀၀) နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှစပြီး မတ်လ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက် (၆:၀၀)နာရီမှ (၈:၀၀) နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ နံနက် (၈:၀၀)နာရီမှ (၁၀:၀၀) နာရီအထိ ရှမ်းဘာသာအစီအစဉ်၊ နံနက် (၁၀:၀၀) နာရီမှ နံနက် (၁၂:၀၀) နာရီအထိ ‘ဝ’ ဘာသာအစီအစဉ်၊ မွန်းတည့် (၁၂:၀၀) နာရီမှ မွန်းလွဲ (၁၄:၀၀) နာရီအထိ ကချင်ဘာသာ အစီအစဉ်၊ မွန်းလွဲ (၁၄:၀၀) နာရီမှ ညနေ (၁၆:၀၀) နာရီအထိ ကယားဘာသာအစီအစဉ်၊ ညနေ (၁၆:၀၀) နာရီမှ ညနေ (၁၇:၀၀) နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ညနေ (၁၇:၀၀) နာရီမှ ညနေ (၁၈:၀၀) နာရီအထိ အနောက်ပိုးကရင် ဘာသာအစီအစဉ်၊ ညနေ (၁၈:၀၀) နာရီမှ ည (၁၉:၀၀) နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ည (၁၉:၀၀) နာရီမှ (၂၀:၀၀) နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာအစီအစဉ်၊ ည (၂၀:၀၀) နာရီမှ (၂၁:၀၀) နာရီအထိ ချင်း(ချိုး)ဘာသာအစီအစဉ်၊ ည (၂၁:၀၀) နာရီမှ (၂၃:၀၀) နာရီအထိ မွန်ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲထုတ်လွှင့်သွား မည်ဖြစ်ပါသည်။
သတင်းစဉ်