
ထားဝယ် မတ် ၁၃
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တတ်ရောက်သည်။ (ယာပုံ)
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ညွှန်ကြားရေးမှူးရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အမှာစကားပြောကြားရာ တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်ဆိုပြီး ရည်မှန်းချက်ကို ချမှတ်ကာ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအဆောက်အဦသည် ၁၁ ရုံး မြောက် ဖွင့်လှစ်နိုင်သည့် ရုံးအဆောက်အဦဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်း ကူညီဆောင်ရွက်ပေးလျက်ရှိရာ အခြေခံပညာ ကျောင်း များ၌ သင်ကြားရသည့်ဘာသာရပ်များတွင် တိုင်းရင်းသားကလေးသူငယ်များ၏ သင်ကြား သင်ယူမှုတိုးတက်စေရေးအတွက် တိုင်းရင်းသား ဘာသာစကားများဖြင့် ကူညီရှင်းလင်းသင်ကြားပေး မည့် (Teaching Assistant-TA)များနှင့် (Language Teacher-LT) ဆရာ ဆရာမများ ခန့်ထားပေးနိုင်ရေး တိုင်းရင်းသားဒေသများတွင် အများပြည်သူဆိုင်ရာ ကျန်းမာရေးအသိပေးပိုစတာများအား တိုင်းရင်းသား ဘာသာများဖြင့် ဘာသာပြန်ဆိုဖော်ပြပေးနိုင်ရေး စသည့်ကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် လျှပ်စစ်မီးများမရရှိသေးသော တိုင်းရင်း သား ဒေသအချို့တွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား စနစ်(Solar System) ရရှိနိုင်ရေး၊ အသက် မွေးဝမ်းကျောင်းပညာသင်တန်းများ တတ်ရောက် သင်ကြားနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန် စေရေး၊ သောက်သုံးရေရရှိရေး၊ ဆေးပေးခန်း တည်ဆောက်ရေး စသည့်လုပ်ငန်းများအား ဝန်ကြီး ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မိမိတို့ တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်း များ၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ တိုးတက်စေရန်ရည်ညွှန်း၍ လှေ၊ ကင်းမွန်မျှားတံ၊ ကဏန်းပိုက်၊ ဆန်ရိက္ခာများနှင့် နေ့ထူးနေ့မြတ် အခမ်းအနားများ ကျင်းပနိုင်ရန်အတွက် ရန်ပုံငွေများ ထောက်ပံ့ ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်လေ့လာခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်