တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၉


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန    တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန    ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    Jeng Phang နော်တောင်၊    ဒုတိယဝန်ကြီး    ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။
လေ့လာသင်ယူ
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်း သည်    အခြေခံမျှသာဖြစ်၍    ဆက်လက်လေ့လာ သင်ယူမှု၊ လေ့ကျင့်မှုများ ပြုလုပ်သွားကြမည်ဆိုပါက ရုံးလုပ်ငန်းတွင် ကွန်ပျူတာကျွမ်းကျင်သည့် ဝန်ထမ်း များဖြစ်လာကြမည်ဟု ယုံကြည်ကြောင်း၊ သင်တန်းမှ လေ့လာသင်ယူခဲ့သည့် သင်ခန်းစာများကို လက်တွေ့ နယ်ပယ်တွင် စနစ်တကျ နည်းလမ်းမှန်ကန်စွာဖြင့်  ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက်ကြိုးစား သွားကြရန်    လိုအပ်ကြောင်း၊    သင်တန်းသားများ အနေဖြင့်    အပြန်အလှန်     လေးစားလိုက်နာခြင်း၊  ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် လေ့လာသင်ယူကြရန်ဖြစ်ပြီး မိမိဘဝတိုးတက် ရေးမှသည်      မိမိဌာနတိုးတက်ရေး       အပါအဝင် ဒီမိုကရေစီနှင့်     ဖက်ဒရယ်စနစ်ကို     အခြေခံသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် စွမ်းအားစု တစ်ရပ်အနေဖြင့် သစ္စာရှိမှန်ကန်စွာဖြင့် အကျိုးရလဒ် ကောင်း မြောက်မြားစွာကို ဆောင်ကြဉ်းပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများနှင့်       နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းမှပို့ချ ခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင်  စဉ်ဆက်မပြတ်   ပြန်လည်အသုံးချနိုင်ရေးအတွက်  နိုင်ငံတော်က    ထုတ်ပြန်ထားရှိသည့်    ရုံးလုပ်ငန်း စည်းမျဉ်း    စည်းကမ်းများနှင့်အညီ     ဂရုပြုပြီး ဆက်လက်ကြိုးစားသွားကြရန် ပြောကြားသည်။
တစ်ဦးချင်းမိတ်ဆက်
ထို့နောက်  သင်တန်းသား၊  သင်တန်းသူများက  တစ်ဦးချင်း   မိတ်ဆက်စကားပြောကြားပြီး    ပြည် ထောင်စုဝန်ကြီး၊  ဒုတိယဝန်ကြီးနှင့်  တာဝန်ရှိသူ များသည်  သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 
ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၃ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ     ရက်သတ္တလေးပတ်   ကြာမြင့်မည်ဖြစ် ကြောင်း သိရှိရသည်။               
 သတင်းစဉ်