
နေပြည်တော် ဧပြီ ၂၅
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်၊ ဘဏ္ဍာငွေ ခွဲဝေချထား မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများနှင့် အရာ ထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြား ရေးမှူးရုံးနှင့် ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတို့မှ တာဝန်ခံများက Online စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၈)ချက်ကို အလေး ထား၍ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ခွဲဝေရရှိသည့် အသုံးစရိတ် များကို ခွဲဝေသုံးစွဲရာတွင် နိုင်ငံ တော်နှင့် တိုင်းရင်းသားပြည်သူ များအပြင် မိမိ၏ဌာနတွင်း၌ ရှိသော ဝန်ထမ်းများအတွက် တိုက်ရိုက် အကျိုးသက်ရောက် ဖြစ်ထွန်းစေမည့် အသုံးစရိတ်များ ကို စနစ်တကျ သုံးစွဲရမည်ဖြစ်ပါ ကြောင်း၊ အသုံးစရိတ်များကို လည်း လျာထားသည့်အတိုင်း အချိန်မီ ပြည့်ပြည့်ဝဝသုံးစွဲရန် လိုအပ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်း သုံးစွဲမှုမဖြစ်စေရန်နှင့် ပြန်လည် အပ်နှံခြင်းမရှိစေရန် ဘဏ္ဍာငွေ များကို ချင့်ချိန်သုံးစွဲဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်း (၁/ ၂၀၁၇)၊ (၁/၂၀၂၂) လုပ်ထုံးလုပ်နည်း များနှင့်အညီ အရည်အသွေး စံချိန်စံနှုန်းပြည့်မီအောင် အလေး ထား ဆောင်ရွက်သွားကြရန်နှင့် ချမှတ်ထားသည့် သုံးလပတ် ငွေသား စီမံချက်များနှင့်အညီ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲ မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်၊ အသုံးစရိတ်များကို စနစ်တကျ စိစစ်ချွေတာသုံးစွဲသွားရန်၊ အကျိုး ရှိသည့်နေရာတွင် သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်မှ ခွဲဝေချပေးသော ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာငွေများကို အလေ အလွင့် နစ်နာဆုံးရှုံးမှုများ (လုံးဝ)မရှိစေရေးအတွက် မှန်ကန် စွာဖြင့် သုံးစွဲမှုစနစ်ကို အလေး အနက်ထား ဂရုပြုဆောင်ရွက် သွားရန် တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခင်နှစ်က စီမံကိန်း ၂၄ ခုကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ၁၈ ခုရှိပြီး Calendar ရေးဆွဲ၍ ဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ သုတေသနပြု၍ ပြန်လည်တင်ပြ ရန် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာန၊ တိုင်းရင်းသားပြည်သူများ နှင့် နိုင်ငံတော်၏ အကျိုးစီးပွား ရလဒ်ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်နိုင်ကြပါစေ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်း အတွင်းဝန်က ၂၀၂၄-၂၀၂၅ဘဏ္ဍာ ရေးနှစ်၊ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ ရရှိမှုအခြေအနေကို လည်း ကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်တို့က တိုင်းဒေသ ကြီး/ပြည်နယ်များသို့ ဘဏ္ဍာငွေ ခွဲဝေချထားမှု အခြေအနေများ နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတို့မှ တာဝန်ခံများနှင့် တက်ရောက်လာသူများက လိုအပ် သည်များကို တင်ပြဆွေးနွေးကြ ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ခြုံငုံသုံးသပ် ၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်