တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းဖွင့်

နေပြည်တော် ဩဂုတ် ၁၂


ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့  ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းကို သြဂုတ်  ၁၀  ရက်မှ  ၁၂ ရက်အထိ  နေပြည်တော်ရှိ  မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ဖွင့်လှစ် ပို့ချခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ   နာယက တိုင်းရင်း    ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ       ဆရာကြီး ဦးမြင့်ဦးနှင့်    အလုပ်အမှုဆောင် များ၊    မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ ဆရာ  ကြီး      ဦးစိုးဝင်း၊      တိုင်းရင်း ဆေးပညာဦးစီးဌာနမှ    ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းညွန့် နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊    မြန်မာနိုင်ငံ   တိုင်းရင်း  ဆေးဆရာအသင်း   ဗဟိုအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း    ဥက္ကဋ္ဌ ဦးမောင်မောင်ဦး    (ဂရိတ်ဝေါ တိုင်းရင်းဆေး) နှင့်   အလုပ်အမှု  ဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ    သင်တန်း သား  သင်တန်းသူ၊   တိုင်းရင်း  ဆေးဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီနာယက တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစုစုဒွေးက အမှာ   စကားပြောကြားပြီး (အောက်ပုံ) မြန်မာနိုင်ငံ   တိုင်းရင်းဆေးဆရာ အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက        သင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ဆီးချို၊ သွေးတိုး၊ အဆစ်ရောင် ဘာသာရပ် များကို တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်   (ငြိမ်း) ပါမောက္ခဦးဝင်းစိုး၊   ပါမောက္ခ/ဌာနမှူး    ပါမောက္ခဌေးလွင်နှင့် ပါမောက္ခ/ ဌာနမှူးပါမောက္ခ သန္တာ ခိုင်တို့က ဆွေးနွေးပို့ချခဲ့ပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ    တိုင်းရင်းဆေး  ဆရာ၊  ဆရာမတို့  တက်ရောက်ကြကြောင်း သတင်း ရရှိသည်။                      

တီအမ်