
နေပြည်တော် ဒီဇင်ဘာ ၁၅
တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင် အကြို စွမ်းရည်မြင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက သင်တန်းသူ သင်တန်းသားများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သင်တန်းမှ ပို့ချခဲ့ပြီးဖြစ်သည့် အတွက် ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရန် ဆောင်ရွက်ရ မည့်လုပ်ငန်းများကို သိရှိပြီးကြ မည်ဖြစ်ကြောင်း၊ မိမိတို့တာဝန် ကျရာနေရာသို့ ရောက်ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များကို ကျေကျေပွန်ပွန် ဆောင် ရွက်ကြရန်နှင့် မသိရှိသည်များကို အတွေ့အကြုံရှိသူများထံ မေးမြန်း သင်ယူကြရန်လိုကြောင်း။
ရွေးကောက်ပွဲများသည် နိုင်ငံ အတွက် အရေးပါသည့် လုပ်ငန်း စဉ်တစ်ခု ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် မိမိ တို့ဆောင်ရွက်ရသည့် လုပ်ငန်း အပေါ်၌ ဂုဏ်ယူတတ်ရန်နှင့် အခက်အခဲများ ကြုံတွေ့ပါက နိုင်ငံတော်နှင့် ပြည်သူအတွက် အောင်မြင်အောင် ကြိုးစားဆောင် ရွက်မည်ဆိုသည့် စိတ်ဓာတ်နှင့် ဇွဲလုံ့လရှိရန်လိုကြောင်း၊ တာဝန် ရှိသူများကလည်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရန် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သင်တန်းသားများ အနေဖြင့် တိုင်းပြည်နှင့်ပြည်သူ လူထုအတွက် မှန်ကန်မျှတသည့် ရွေးကောက်ပွဲများ ဖြစ်စေရေး ဥပဒေနှင့်အညီ ကြိုးစားဆောင် ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန် ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ၂၈ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်