တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာရှိသည်ဖြစ်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရမည်

 

နေပြည်တော်   အောက်တိုဘာ   ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ         နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် သည်  ယနေ့နံနက်ပိုင်းတွင်  မွန်ပြည်နယ်အတွင်း ရှိ အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား    မော်လမြိုင်မြို့ရှိ          ပြည်နယ်ခန်းမ၌   တွေ့ဆုံ၍   ဒေသတွင်းစီးပွားရေးလုပ်ငန်း များ         ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဆွေးနွေးပြောကြားသည်။

 


အဆိုပါ  တွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ    ကောင်စီတွဲဖက် အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊      ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊    ဦးလှမိုး၊   ဒေါက်တာ ချာလီသန်း၊    ဦးအောင်နိုင်ဦးနှင့်   မွန် ပြည်နယ်ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်း၊    ညှိနှိုင်းကွပ်ကဲရေးမှူး   (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ    တပ်မတော်အရာရှိ ကြီးများ၊   အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊  ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊   မွန်ပြည်နယ်ရှိ   အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး    (MSME)  လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


ပြည်နယ်အတွင်း MSMEလုပ်ငန်းများ


ဆောင်ရွက်နေမှုနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ    ပြည်နယ်ဝန်ကြီးချုပ်က   မွန်ပြည်နယ် အတွင်း   အသေးစား၊ အငယ်စားနှင့်   အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်         အခြေအနေများ၊ ပြည်နယ်အတွင်းရှိ    စက်မှုဇုန်များနှင့်   စက်မှုဇုန် အတွင်းရှိ စက်မှုလုပ်ငန်းများ၏   လုပ်ငန်းဆောင်ရွက် နေမှုများ၊   ဆက်လက်ဆောင်ရွက်သွားမည့်   အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက်    မွန်ပြည်နယ်    ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း        ဥက္ကဋ္ဌ ဦးဝင်းထိန်၊     ပြည်နယ်     ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခိုင်ဦး၊    ပြည်နယ်  ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းကိုယ်စား  ဦးဟန်ထွန်းဇော်၊ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်  ဥက္ကဋ္ဌ     ဦးမြင့်စိုး၊ မော်လမြိုင်ဇုန်         ဟိုတယ်လုပ်ငန်းရှင်များအသင်း  ဥက္ကဋ္ဌ ဦးချန်ထွန်းနှင့်  တက်ရောက်လာကြသူများက ရော်ဘာလုပ်ငန်း     ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးစေလိုမှု၊    ဆားလုပ်ငန်းဆောင်ရွက်ရာတွင် စက်မောင်းဆီသုံးစွဲမှုများ   လျှော့ချနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဖြင့်   အစားထိုး သုံးစွဲနိုင်ရေး၊   ပြည်နယ်မှထွက်ရှိသည့်    ဆားကို ပြည်ပသို့ တင်ပို့နိုင်ရေးနှင့်  ပြည်တွင်း၌ အဆင့်မြင့် ဆားများထုတ်လုပ်နိုင်ရေး  နိုင်ငံတော်မှ လိုအပ်သည် များ   ကူညီပံ့ပိုးပေးစေလိုမှု၊   စိုက်ပျိုးရေးလုပ်ငန်း အတွက်    လိုအပ်သည့်  ရေလုံလောက်စွာ ရရှိရေး မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးစေလိုမှု၊ ရော်ဘာ ထွက်ဒေသများနှင့်     မွန်ပြည်နယ်မှထွက်ရှိသည့် ရော်ဘာထုတ်ကုန်များကို     ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက်   အရည်အသွေးမြင့်ထုတ်ကုန် များအဖြစ် ထုတ်လုပ်နေမှု၊ ငါးမွေးမြူရေးလုပ်ငန်းများ အတွက်    အရင်းမပျောက်    မတည်ချေးငွေများ လိုအပ်မှု၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ တိုးတက် ရေး ဆောင်ရွက်လျက်ရှိမှု၊   ဆောက်လုပ်ရေးသုံး ပစ္စည်းများ  ဈေးနှုန်းသက်သာစွာဖြင့် ရရှိရန်လိုအပ်မှု၊ မော်လမြိုင်စက်မှုဇုန်ရှိ      လုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာသည့်      ချေးငွေများရရှိလိုမှု၊ သံရည်ကျိုလုပ်ငန်းများအတွက်    လိုအပ်သည့် ကုန်ကြမ်းများကို ဈေးနှုန်းသက်သာစွာဖြင့်  ရရှိလိုမှု၊ ရက်ကန်းလုပ်ငန်းများအတွက်   မတည်ချေးငွေများ လိုအပ်မှု၊   သတ္တုထုတ်လုပ်မှု   လုပ်ငန်းများအတွက် ကုန်ကြမ်းသတ္တုများ     လိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး   လုပ်ငန်းရှင်များ၏   တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍  ပြည်ထောင်စု ဝန်ကြီးများက    ဝန်ကြီးဌာနအလိုက်    ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်း အကောင်အထည်ဖော်      ဆောင်ရွက်လျက်ရှိမှု၊ မွန်ပြည်နယ်အနေဖြင့် စက်မှုလက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့တွင်    အောင်မြင်စွာ   လုပ် ဆောင်နိုင်မည့်   အခြေအနေများစွာရှိသည့်အတွက် ယခုထက် ဒေသတွင်း  စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်စေလိုမှုနှင့်   လိုအပ်သည် များကို သက်ဆိုင်ရာဝန်ကြီးဌာနများအကူအညီရယူဆောင်ရွက်နိုင်မှု၊    စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှချေးငွေများကို     ကာလအပိုင်းအခြား အလိုက်   အတိုးနှုန်းသက်သာစွာဖြင့်   ဆောင်ရွက်ပေး လျက်ရှိပြီး   တင်ပြချက်များတွင်ပါဝင်သည့်   ချေးငွေ ရယူလိုမှုအပေါ်   သတ်မှတ်ချက်နှင့်အညီ   ခွင့်ပြုပေး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ် သည့် အခြေအနေများ၊  ချေးငွေများ ပြန်လည်ရရှိမှသာ လျင် နိုင်ငံတော်၏  လည်ပတ်သုံးစွဲငွေများ ပြန်လည် ရရှိမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍသည်လည်း   ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သဖြင့်   လုပ်ငန်းရှင်များအနေ ဖြင့် မိမိတို့ရယူထားသည့် ချေးငွေများကို  သတ်မှတ် ကာလအတွင်း အချိန်မီပြန်လည်ပေးဆပ်ရန် လိုအပ် မှု၊ ကျေးလက်နေပြည်သူများ   ဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသများ    ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအစုအဖွဲ့များဖွဲ့စည်း၍   လိုအပ်သည်များ ကူညီပံ့ပိုးပေးလျက်ရှိမှု၊    စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ  ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်း၍ Contract Farming စနစ် ဖြင့်    ချိတ်ဆက်ဆောင်ရွက်ပေးကာ    စိုက်ပျိုးရေး တောင်သူများ၏   လိုအပ်ချက်များအား   ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊    စက်မှုနည်းပညာ များနှင့် ပတ်သက်၍   နည်းပညာလိုအပ်ချက်များ  ရရှိစေရေး     ဆောင်ရွက်ပေးလျက်ရှိမှု၊    ပို့ကုန် လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက်လျက်ရှိမှု      စသည်တို့နှင့်ပတ်သက်၍           ပြန်လည်ဆွေးနွေး ပြောကြားကြသည်။

 


စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက
 နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများသည်လည်း ကောင်းမွန်လာမည်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်က    အမှာစကား ပြောကြားရာတွင်    နိုင်ငံတစ်ခုသည်    စီးပွားရေး မောင်းနှင်အား၊   နိုင်ငံရေးအားနှင့်   ကာကွယ်ရေး စွမ်းအားကောင်းရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင် အား   ကောင်းမွန်ပါက   နိုင်ငံရေးနှင့် ကာကွယ်ရေး စွမ်းအားများသည်လည်း  ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့်   နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ် ကြောင်း၊  ကမ္ဘာပေါ်တွင်     ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးပြီး   စီးပွားရေးအားကောင်းသည့်   နိုင်ငံများ ရှိသကဲ့သို့  အခြားနိုင်ငံရေးစနစ်များကို   ကျင့်သုံး၍ စီးပွားရေးအားကောင်းလျက်ရှိသည့်    နိုင်ငံများလည်း ရှိကြောင်း၊ နိုင်ငံအတွင်းရှိ သယံဇာတပစ္စည်းများနှင့် အရန်ငွေများရှိခြင်းကြောင့် ကာကွယ်ရေးစွမ်းပကား များကို   မြှင့်တင်ဆောင်ရွက်ကြသည်များလည်း ရှိကြ ကြောင်း၊ စီးပွားရေးအားကောင်းသည့် နိုင်ငံများတွင်ပင် နိုင်ငံရေးပြဿနာများကြောင့် ဆူပူမှုများ  ဖြစ်ပေါ် နိုင်ပြီး အစိုးရအပေါ်တွင် မကျေနပ်မှုများ  ဖြစ်ပေါ်ကြ ကြောင်း၊  ပြည်သူများတွင် လိုအပ်ချက်များ ဖြစ်ပေါ် လာသည့်အချိန်တွင်    တိုင်းပြည်ဆူပူမှုများဖြစ်ပေါ် တတ်ကြောင်း၊    မိမိတို့နိုင်ငံတွင်လည်း     ယခင်က စီးပွားရေး ကျဆင်းမှုများကြောင့် ဆန်၊ စပါး အရေး အခင်းများဖြစ်ပေါ်၍    ဆူပူမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင်လည်း   စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံရေးဆိုင်ရာ    သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရ တည်ငြိမ်ရန်အတွက်    စီးပွားရေးကောင်းမွန်ရန် အရေးကြီးကြောင်း။

 


စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်


မိမိတို့နိုင်ငံသည်   အခြေခံကောင်းများရှိပြီးဖြစ် သဖြင့် စီးပွားရေးအရ    ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်နိုင်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာရှိသည်ဖြစ်သည့်အတွက်   စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်   ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိအနေ ဖြင့် ပြည်တွင်းစီးပွားရေးတိုးတက်အောင်   ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး   မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြ သည်ဖြစ်သဖြင့်   ယင်းကိုအခြေခံ၍   စီးပွားရေးကို ဆောင်ရွက်ပါက  မလွဲမသွေအောင်မြင်မည်ဖြစ်သည် ဟု   ယုံကြည်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှု ကြောင့်  ကုန်ဈေးနှုန်းများ    မြင့်တက်ခဲ့သော်လည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့်    စားသောက်ကုန်များ     ပြတ်လပ်မှုမရှိခဲ့ကြောင်း။

 


စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင်   MSME လုပ်ငန်း များသည် စက်မှုကဏ္ဍ၏  ဝင်ငွေတွင် ၉၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း တွင်လည်း MSME လုပ်ငန်းများသည် အရေးအပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့်    အားပေးဆောင်ရွက် ခြင်းသည် နိုင်ငံအတွက်   များစွာ   အကျိုးဖြစ်ထွန်းစေ ကြောင်း၊ ပြည်တွင်း၌ လိုအပ်သည်များကို ပြည်တွင်း ၌   ထုတ်လုပ်နိုင်ခြင်းဖြင့်  ပစ္စည်းဈေးနှုန်းကြီးမြင့်မှု များကို        ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊    ထို့ကြောင့် အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး  အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု၊   ရောင်းဝယ်မှု၊    ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းဟူ၍  လေးမျိုးရှိပြီး   မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုကို   အဓိက   အားပေးကြောင်း၊ ဝယ်လိုအားနှင့်   ရောင်းလိုအား မမျှတမှု၊   ပစ္စည်း ရှားပါးမှုများကြောင့်   ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ဖြစ်စေနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို လုံလောက်စွာဆောင်ရွက်နိုင်မည်ဆိုပါက ဝယ်လိုအား နှင့် ရောင်းလိုအား  မျှတလာမည်ဖြစ်သဖြင့်  ကုန်ဈေး နှုန်းကြီးမြင့်မှုကို   လျော့ကျလာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းလိုအပ်သည့် ကုန်ပစ္စည်းများ ထိုက်သင့်သည့် ဈေးနှုန်းများဖြင့်  ဝယ်ယူရရှိနိုင်ရန် လိုကြောင်း၊     ပြည်ပအစားထိုးသွင်းကုန်များကို မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီ  ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့    တင်ပို့ခြင်းများကို   ဆောင်ရွက်နိုင်မည် ဆိုပါက   ပြည်တွင်းပြည်ပ    စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း။

 


စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ သယံဇာတကုန်ကြမ်းများကို အကျိုးရှိရှိ အသုံးချနိုင်ရမည်


ကုန်ထုတ်လုပ်မှုများ      ဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းနှင့်      ပြည်တွင်းမှ   ထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကအသုံးပြုနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာ သည့် ကုန်ကြမ်းများ၊ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းကုန်ကြမ်းများကို  အသုံးပြုနိုင်မည်ဆိုပါက များစွာ      အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း စပါးစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေ များ   စိုက်ပျိုးခြင်းနှင့်    အခြားဆီထွက်သီးနှံနှင့် ရော်ဘာ    စသည့်   စက်မှုထွက်ကုန်များရှိကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံသည့် ထုတ်ကုန် များကို များစွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတွင် အရည်အသွေးနှင့်  အထွက်နှုန်း ကောင်းမွန် သည့်  စပါးမျိုးများ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ မိမိတို့ နိုင်ငံအနှံ့အပြားတွင်  စပါးမျိုးကွဲများ များစွာစိုက်ပျိုး ကြပြီး   မျိုးမှန်မျိုးသန့်ရန်နှင့်   မျိုးကွဲနည်းအောင် စိုက်ပျိုးကြရန်လိုကြောင်း၊    မွန်ပြည်နယ်အတွင်း စပါးအထွက်နှုန်းမှာ    ပန်းတိုင်ရည်မှန်းချက်ထက် နည်းပါးသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်း များ   တိုးတက်ကောင်းမွန်လာမည်ဆိုပါက ဒေသ စားသုံးမှု    ဖူလုံသည့်အပြင်   အခြားဒေသများနှင့် ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း။

 


မော်လမြိုင်ဒေသတွင်း စိုက်ပျိုးရေးထုတ်ကုန်များ ကို အခြေခံသည့်  ကုန်ထုတ်လုပ်မှုများကို  ယခုထက် ပိုမိုတိုးတက်အောင်  ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရော်ဘာစိုက်ပျိုးမှုများတွင်လည်း  ရော်ဘာ အထွက်နှုန်းများ  ယခုထက်တိုးတက်အောင် ဆောင် ရွက်ကြရန်လိုကြောင်း၊  မွန်ပြည်နယ်အတွင်း ကျွဲနှင့် နွား  မွေးမြူမှုများလည်းရှိသဖြင့်  အဆိုပါလုပ်ငန်းများ မှတစ်ဆင့်   သားရေထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊  ယင်းမှ ဖိနပ်ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်၍ တစ်နိုင်ငံလုံး ဈေးကွက် ကို   ဖြန့်ဖြူးနိုင်သည်အထိ  ရည်မှန်းလုပ်ဆောင်ရန် လိုကြောင်း၊ ရော်ဘာလုပ်ငန်းများမှ ပြည်တွင်းလိုအပ် ချက်ရှိသည့်  မော်တော်ကားနှင့်  မော်တော်ဆိုင်ကယ် များအတွက် တာယာများ  ထုတ်လုပ်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် မှလည်း လိုအပ်သည့်  ပံ့ပိုးကူညီမှုများ  ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

 


မော်လမြိုင်တွင်  ယခင်က  ပင်လယ်ဆိပ်ကမ်းရှိခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့်  ယခုအသုံးပြု မှုမရှိကြောင်း၊   မော်လမြိုင်ဒေသတွင်   ပင်လယ် ဆိပ်ကမ်းတစ်ခု  တည်ဆောက်နိုင်ရေးအတွက် မိမိတို့ အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊   အလားတူ မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက် ရှိကြောင်း၊  နောင်တစ်ချိန်တွင်  မော်လမြိုင်ဒေသသို့ ခရီးသွားများ ဝင်ရောက်မှု ပိုမိုအားကောင်းလာစေရန် နှင့် လေကြောင်းမှကုန်စည်စီးဆင်းမှုများကို မြှင့်တင် ဆောင်ရွက်နိုင်ရန်  ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း။

 


မွန်ပြည်နယ်သည်  သစ်၊ ဝါးပေါများသည့် ဒေသ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်  စက္ကူများလိုအပ်ချက် ရှိသဖြင့်   ပြည်ပမှ တင်သွင်းနေရကြောင်း၊ သစ်နှင့် ဝါးများကို စိုက်ပျိုး၍ ပျော့ဖတ်စက္ကူ ထုတ်လုပ်ခြင်းနှင့် ဝါးကိုအခြေခံသည့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍ရကြောင်း၊    မြေလွတ်မြေရိုင်းများ ပေါ်တွင် သစ်နှင့် ဝါးစိုက်ပျိုးခြင်းများကို အမှန်တကယ် ဆောင်ရွက်မည်ဆိုပါက     နိုင်ငံတော်အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ   ခွင့်ပြုပေးမည်ဖြစ် ကြောင်း၊   အလားတူ   လယ်ယာစိုက်ပျိုးမြေများကို လည်း     ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဥယျာဉ်ခြံမြေများကိုလည်း   မိရိုးဖလာ စိုက်ပျိုးခြင်း ထက်   ခေတ်မီသည့်နည်းပညာများကို  အသုံးပြု၍ အသီးအနှံများ  အထွက်နှုန်း  တိုးတက်ကောင်းမွန်သည့်မျိုးများကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထုတ်လုပ်မှုများ  ဆောင်ရွက်ရာတွင်လည်း အရည် အသွေးကောင်းမွန်ရန်နှင့်       ထုပ်ပိုးမှုစနစ်များ ကောင်းမွန်အောင်     ဆောင်ရွက်နိုင်မည်ဆိုပါက လူများစိတ်ဝင်စားမှုရှိလာပြီး ထုတ်ကုန်များ ဈေးနှုန်း ရရှိ၍ ရောင်းအားများလည်း  တိုးတက်လာမည် ဖြစ် ကြောင်း၊ ဥယျာဉ်ခြံမြေသီးနှံများမှ ကုန်ထုတ်လုပ်ငန်း များကို ဆောင်ရွက်နိုင်ကြောင်း။

 


လောင်စာဆီသုံးစွဲမှု လျှော့ချရေးနှင့် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေး


ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊   လောင်စာဆီ၊   လျှပ်စစ်စွမ်းအားတို့ကို လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်စီမံကိန်းများ များစွာ   စီမံဆောင်ရွက်ခဲ့သော်လည်း   အကြောင်း အမျိုးမျိုးကြောင့်   ရပ်တန့်ခဲ့ရကြောင်း၊   ထို့ကြောင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား  လိုအပ်ချက်များရှိသလို တစ်ဖက်မှ   လောင်စာဆီနှင့်  ဂတ်စ်များ  ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား    ထုတ်လုပ်ခြင်း လုပ်ငန်းများကို      ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင်လည်း   နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား   ထုတ်လုပ်ခြင်းလုပ်ငန်းများကို ကာလတစ်ခု  ဆောင်ရွက်၍ရကြောင်း၊ စက်ရုံအလုပ်ရုံ များအနေဖြင့်   နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားများကို  အသုံးပြုဆောင်ရွက်မည်ဆိုပါက ကုန်ကျစရိတ်ကို    သက်သာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်     နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားများထုတ်လုပ်နိုင်ရေး   ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊   အချို့နိုင်ငံများတွင်   စက်သုံးဆီများ ချွေတာရေးအတွက်  Electric vehicle   လျှပ်စစ် စွမ်းအင်သုံးယာဉ်များကို  အသုံးပြု၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးများကို အသုံးပြုလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်   နိုင်ငံအတွင်း   လျှပ်စစ်ဓာတ်အား အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြု နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ် အသုံးပြုလျက်ရှိသည့်    မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအတွက်          လိုအပ်သည့်လောင်စာဆီများကို  ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ သုံးစွဲကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် လောင်စာဆီကို ချွေတာနိုင်သည့် လျှပ်စစ်ဓာတ်အား အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်   ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊     ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက လောင်စာဆီများအတွက် ကုန်ကျစရိတ်များ    များစွာလျော့နည်းသွားမည် ဆိုပါက နိုင်ငံတော်အတွက်  များစွာအကျိုးဖြစ်ထွန်း စေမည် ဖြစ်ကြောင်း။

 


ပြည်တွင်းကုန်ထုတ်လုပ်မှုကို 
အားပေးဆောင်ရွက်


ယခင်က     ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိခဲ့ဘဲ  ပြည်ပမှသာ တင်သွင်းသုံးစွဲခဲ့မှုများ ကြောင့်   ပြည်တွင်း၌      လိုအပ်ချက်များ     ဖြစ်ပေါ်ခဲ့ ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် အခြေခံ သုံးကုန်၊ စားကုန် ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှု များ   လျှော့ချနိုင်ရန်အတွက်      မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ခြင်းမှာ ပြည်ပမှ တင်သွင်းမှုများကြောင့်  နိုင်ငံခြားလိုငွေများ များစွာ    ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ   တိုးတက်အောင်ဆောင်ရွက်၍  စားကုန်၊   သောက်ကုန် နှင့် သုံးကုန်များအတွက်  လုံလောက်စွာထုတ်လုပ်နိုင် ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊      ပြည်ပမှ သွင်းကုန်များ ထိန်းချုပ်ပေးမှုကြောင့် ပြည်တွင်း စက်မှုလုပ်ငန်းများ   အားကောင်းလာပြီး   အလုပ် အကိုင်များလည်း ပေါများလာကြောင်း၊   ယခင်က ဘိလပ်မြေများ ထုတ်လုပ်ရာတွင်  ကုန်ထုတ်လုပ်မှု စရိတ်များ ကြီးမြင့်ခြင်းများဖြစ်ပေါ်ခြင်း၊  ကုန်ကြမ်း များမရရှိခြင်း၊ လောင်စာနှင့်စွမ်းအင်များ လုံလောက် စွာမရရှိခြင်း၊    နည်းပညာလိုအပ်ချက်များရှိခြင်း ကြောင့်   အခက်အခဲများ   ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါလုပ်ငန်းများ  ပြန်လည်  လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင် ၂၀၁၈/၂၀၁၉ ခုနှစ် ခန့်မှစ၍ နိုင်ငံ၏စီးပွားရေးကျဆင်းခဲ့သော်လည်း   ယခုအခါ    မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ   ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီ ဖြစ်ကြောင်း။

 


လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်၍
ဒေသနှင့် တိုင်းပြည်အတွက် အကျိုးပြုနိုင်ရမည်


လုပ်ငန်းများဆောင်ရွက်ရန်အတွက် အရည်အချင်း ပြည့်ဝသည့်      လူသားအရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ ပညာရည်မြင့်မားရေးအတွက် မိမိတို့ အနေဖြင့်    ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်သည် ပညာရေးအားပေးသည့် ပြည်နယ် တစ်ခုဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်မှုတွင် ပထမ ရခဲ့ကြောင်း၊  ယင်းအတွက် ချီးကျူးပါကြောင်း၊ KG + 9 အောင်မြင်ပြီးချိန်တွင်  တက်ရောက်နိုင်ရေး  စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းများကို ခရိုင်များ၌ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း၊ အဆိုပါ အထက်တန်းကျောင်းများမှ အောင်မြင်ပါက သိပ္ပံကျောင်းများ၊ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် နည်းပညာ ကျွမ်းကျင်သည့်  လူသားအရင်းအမြစ်ကောင်းများ ပေါများစွာထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့်   ပညာရေးကို အားပေးဆောင်ရွက်လျက် ရှိသကဲ့သို့ မိဘများအနေဖြင့်လည်း မိမိတို့ သားသမီး များ၏ ပညာရေးကို  အားပေးရန်လိုကြောင်း။
နိုင်ငံတော်မှ   ပညာသင်ကြားပေးလိုက်သူများ အနေဖြင့်လည်း  နိုင်ငံတော်အပေါ် ပြန်လည်အကျိုးပြု ရန်လိုကြောင်း၊   တိုင်းပြည်နှင့်   ပြည်သူအတွက် တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊    ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အားပေး ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများအားလုံးဖွင့်လှစ်ပေးထားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လည်း လူသားအရင်းအမြစ်များတိုးပွားလာစေရေး သက်ဆိုင်ရာ   ပညာရပ်များအလိုက်  သင်တန်းများ ဖွင့်လှစ်၍ ဆင့်ပွားသင်တန်းများ  သင်ကြားပေးရန် လိုကြောင်း။

 


ခရီးသွားလုပ်ငန်းကဏ္ဍ


ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍  နိုင်ငံတကာ တွင်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို  အားပေး ကြကြောင်း၊      မွန်ပြည်နယ်သည်     သာယာလှပ သည့်      ဒေသတစ်ခုဖြစ်ကြောင်း၊            ရေစီးရေလာများ ကောင်းမွန်စေရေးနှင့် မြို့များသန့်ရှင်းသာယာလှပ ရေး၊ ပတ်ဝန်းကျင်သပ်ရပ်လှပရေး အားလုံးဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊   လမ်းညွှန် အမှတ်အသားများ စနစ်တကျရှိစေရေးနှင့် သတ်မှတ် ထားသည့်  ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းများ အတိုင်း    လိုက်နာဆောင်ရွက်ရေး   ထိန်းသိမ်း ကြပ်မတ်ရန်လိုကြောင်း၊         သာယာလှပသည့် ပတ်ဝန်းကျင်တစ်ခုကို  ဖန်တီးဆောင်ရွက်နိုင်မှသာ ခရီးသွားဧည့်သည်များကို    ဆွဲဆောင်နိုင်မည်ဖြစ် ကြောင်း၊ အလားတူ ဒေသအစားအစာများကိုလည်း ကောင်းမွန်သန့်ရှင်းသပ်ရပ်အောင်  ဆောင်ရွက်ခြင်း၊ အများသိအောင်ကြေညာပေးခြင်းများ  ဆောင်ရွက် ပေးခြင်းဖြင့်လည်း  ခရီးသွားများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း။

 


စည်းကမ်းစနစ်တကျ ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်


အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အချို့သော EAO အဖွဲ့များက တရားမဝင်  ကုန်သွယ်မှုများတွင် ပါဝင်လျက်ရှိသည်ကို   သိရှိရကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် နစ်နာမှု များရှိကြောင်း၊   အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ် မှုစာရင်းဇယားများကို တိုက်ဆိုင်စစ်ဆေးကြည့်ပါက ၅၀ ရာခိုင်နှုန်းနီးပါးခန့်   ကွာဟနေသည်ကို  တွေ့ရှိ ရပြီး တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် တရားမဝင်  ကုန်သွယ် မှုများ မရှိစေရေး တတ်နိုင်သမျှ ထိန်းချုပ် ဆောင်ရွက် လျက်ရှိပြီး        လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ  မရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊   တရားမဝင်ပစ္စည်းများ၊   မူးယစ် ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှု မရှိစေရေးအတွက်   စစ်ဆေးမှုများရှိသော်လည်း ခရီးသွားလာမှုများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက်  တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊  တစ်ဦးတစ်ယောက်ချင်းမှအစပြု၍ စည်းမဲ့ကမ်းမဲ့ဆောင်ရွက်မည်ဆိုပါက နိုင်ငံအနေဖြင့် တိုးတက်မှုများ  ဖြစ်ပေါ်လာနိုင်မည်မဟုတ်သဖြင့် ပြည်သူများပါ ပါဝင်၍   စည်းကမ်းစနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း  တိုက်တွန်း ပြောကြားသည်။  

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာ ကြသည့် မွန်ပြည်နယ်ရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်  စားသောက်ကုန်၊ လူသုံးကုန်၊      စက်မှုလက်မှုထုတ်ကုန်၊     ဒေသရိုးရာ လက်မှုထုတ်ကုန်များ၊  အဝတ်အထည်များ၊ တိုင်းရင်း ဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ဝင် တစား လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများ ကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေး လုပ်ငန်းရှင်များက   လိုက်လံရှင်းလင်းတင်ပြခဲ့ကြ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်