တိုင်းပြည်အကျိုး မျှော်တွေးဆောင်ရွက်ကြစေလို

Type

 

မောင်သောင်းဝင်း(တမန်ဟောင်း)

 

ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မူလ ရုံးလုပ်ငန်း အပြင်  အခြားတာဝန်များပါ   ရှိလာသဖြင့်   စနေ၊ တနင်္ဂနွေ   ရုံးပိတ်ရက်များ၌ပင်လျှင်   အချိန်ပြည့် ရုံးတက်နေရသည်။ သုတ ရသ ဆောင်းပါးများကို ယခင်လို  ပုံမှန်  ရေးသားနိုင်ခြင်း  မရှိသည့်အပြင် မိသားစုနှင့်လည်း ညဘက်မှတွေ့ဖြစ်သည်။ 


ထိုအချိန်မျိုးတွင်   အချို့သော  နိုင်ငံ့ဝန်ထမ်းများ  CDM   လှုပ်ရှားမှုတွင်   ပါဝင်နေကြသည်။   ပုံမှန် ရုံးတက်ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်နေသည့် ဝန်ထမ်းများကိုလည်း CDM လှုပ်ရှားမှုတွင် ပါဝင်ရန် ဖိအားပေးနေကြပြန်သည်။ အပြစ်မဲ့သည့် လူငယ် များကိုလည်း လမ်းပေါ်သို့ တင်လာသည်။ ရည်ရွယ် ချက်ကတော့ အစိုးရယန္တရားများ ရပ်ဆိုင်းသွားရန် နှင့် တိုင်းပြည် အလုံးစုံပျက်သုဉ်းရေးပင် ဖြစ်သည်။ လက်တွေ့နစ်နာသူကတော့   ပြည်သူများပင်   ဖြစ် သည်။


မိဘအဖြစ်မှစွန့်လွှတ်


စာရေးသူသည် ညပိုင်း သတင်းကြည့်ပြီးချိန် တွင်  လူမှုကွန်ရက်ကိုလည်း  ဖွင့်ကြည့်ဖြစ်သည်။  လတ်တလောအချိန်တွင်  လူမှုကွန်ရက်၌  တင်ထား သည့် သတင်းအများစုသည် လှုံ့ဆော်သတင်းများ၊ ဝါဒမှိုင်းတိုက်ထားသည့် သတင်းများ၊ အမုန်းတရား ပွားစေသည့် သတင်းများ၊ သတင်းတု၊ သတင်းယောင်၊ သတင်းအမှားများ၊  ကောလာဟလများသာ  ဖြစ် သည်။ ထို့ထက်ဆိုးရွားသည့် သတင်းများမှာ အယူ အဆ ကွဲလွဲသဖြင့်  သား၊ သမီးများက  မိဘများကို တစ်ဖက်သတ်     စွန့်လွှတ်လိုက်သည်ဆိုသည့် သတင်းမျိုးပင်ဖြစ်သည်။  များစွာ  စိတ်မကောင်း ဖြစ်ရသည်။


အချို့သော လူငယ်များသည် ဝါဒမှိုင်းမိနေကြပြီ ဖြစ်သည်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များကိုပင်လျှင် စော်ကားမော်ကား  ပြောဆိုရေးသားလာကြပြီဖြစ် သည်။ မိဘကို မိဘလိုမမြင်တော့ပေ။ ကျိုးကြောင်း  ဆီလျော်စွာ တွေးခေါ်တတ်သည့် မိဘများကိုပင်လျှင် မိဘအဖြစ် အသိအမှတ်မပြုကြောင်း တစ်ဖက်သတ်  စွန့်လွှတ်သည်ဆိုသော ပို့စ်များကို လူမှုကွန်ရက်တွင်  တင်နေကြသည်။ ထိုသို့ လမ်းမှားစွာ ရေးသားပြုမူ နေကြသည့်   လူငယ်များကို   ထောက်ခံနေသူများ၊ မြှောက်ပင့်သွေးထိုးနေသူများ ရှိနေသဖြင့် များစွာ အံ့ဩတုန်လှုပ်မိပါသည်။ လူမိုက်အားပေး လုပ်နေ ကြခြင်းပင်ဖြစ်သည်။


အစွန်းရောက်အတွေးအခေါ်များရိုက်သွင်း


လက်ရှိအချိန်တွင်  အစိုးရအပြောင်းအလဲကို ဆန့်ကျင်ကန့်ကွက်လျက်ရှိသည့် နိုင်ငံရေးသမား အချို့သည် လူငယ်များကို နည်းလမ်းပေါင်းစုံဖြင့်သွေးထိုးမြှောက်ပင့် လှုံ့ဆော်လျက်ရှိသည်။ ငြိမ်း ချမ်းစွာ    ဆန္ဒဖော်ထုတ်လိုကြသည့်   ပြည်သူများကို လည်း   သွေးဆူအောင်လုပ်ဆောင်ပြီး  ထိပ်တိုက် ရင်ဆိုင်မှု   လမ်းကြောင်းဆီသို့   တွန်းပို့ပေးလျက်ရှိ သည်။ 


လူငယ်များသည်  အတွေးအခေါ်ဆန်းသစ်ပြီးတက်ကြွကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် နိုင်ငံရေးကြောင်ဖားကြီးများသည် ရိုးသားဖြူစင် သော လူငယ်များ၏  ဦးနှောက်အတွင်းသို့ အစွန်း ရောက်အတွေးအခေါ်များ  ရိုက်သွင်းပေးလျက်ရှိ သည်။  ထို့ကြောင့်  အချို့သောလူငယ်များသည် အတွေးအခေါ်ပိုင်းဆိုင်ရာတွင် အစွန်းရောက်လာ ကြပြီး ကျေးဇူးရှင် မိဘများကိုပင်လျှင် တစ်ဖက် သတ်   စွန့်လွှတ်သည်ဆိုသော   ပို့စ်များကို   လူမှု ကွန်ရက်တွင် တင်ထားကြသည်။ 


လက်ရှိအချိန်တွင် လူငယ်များသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ  မှန်ကန်သည်ဟု အခိုင်အမာ ယူဆနေကြမည်ဖြစ်သည်။ လူငယ်များသည် အနာ ဂတ်တွင် မိဘနေရာသို့ ရောက်ရှိလာမည်ဖြစ်သည်။ ထိုအချိန်တွင် မိမိ၏ သား၊ သမီးများကို မည်သို့ ပြုစု ပျိုးထောင်သွားကြမည်နည်း။ ငယ်စဉ်က မိဘကို စော်ကားခဲ့သူများသည် မိဘနေရာ ရောက်ရှိချိန်တွင် သား၊  သမီးများကို  တော်တည့်မှန်ကန်စွာ   ပြုစု ပျိုးထောင်နိုင်စွမ်း   ရှိမည်မဟုတ်ချေ။   ဝဋ်ကြွေးဆို သည်မှာ  ချက်ချင်းလည်တတ်သလို  သံသရာမှာ လည်း တစ်ပတ်လည်လေ့ရှိသည်။


CDM လှုပ်ရှားသည်ဆိုရာတွင်


ဖေဖော်ဝါရီ  လဆန်းပိုင်းမှစ၍  အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့်    အချို့သော ဝန်ထမ်းများသည် CDM  လှုပ်ရှားမှုများ လုပ်ဆောင် လျက်ရှိကြသည်။   ၎င်းတို့၏  ရည်ရွယ်ချက်သည် အစိုးရ၏ယန္တရား ရပ်ဆိုင်းသွားပြီး အစိုးရ အကျပ် အတည်းဖြစ်ပေါ်စေရန်ပင်     ဖြစ်သော်လည်း လက်တွေ့တွင်မူ   CDM   လှုပ်ရှားမှု  လုပ်ဆောင် နေသည့်ဝန်ထမ်းများနှင့်     မိသားစုများကိုသာ   ထိခိုက်လျက်ရှိကြသည်။ အမှန်တော့  အချို့သော ဝန်ထမ်းများသည် ဖိအားပေးမှုများ၊ အကျပ်ကိုင်    ခြိမ်းခြောက်မှုများကြောင့်   CDM   လှုပ်ရှားမှုတွင်  ပါဝင်သွားကြခြင်းဖြစ်သည်။  သို့သော်  နောက် ကြောင်း မအေးသဖြင့် နှစ်ခြိုက်စွာပင် အိပ်စက် အနားမယူနိုင်ကြပေ။    ဝန်ထမ်းစည်းကမ်းအရ   အရေးယူခံရမလား၊  လက်ရှိ နေထိုင်လျက်ရှိသည့်  အိမ်ရာမှ ဖယ်ပေးရမလားဆိုပြီး စိုးရိမ်ပူပန်လျက် ရှိကြသည်။    အဆိုးရွားဆုံးမှာ     ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်     ဆရာဝန် များနှင့်   သူနာပြုများသည်   CDM   လှုပ်ရှားမှုတွင်  ပါဝင်နေကြသဖြင့်   ကျေးလက်နေ   ပြည်သူများ သာလျှင်  ဒုက္ခရောက်နေကြရသည်။   အချို့သော ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အတော်လေး အခက်တွေ့နေရသဖြင့်  တပ်မတော်ဆေးရုံများသို့ အပြေးအလွှား       သွားရောက်နေကြရသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။


မင်းမဲ့စရိုက်ဆန်လာ


လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ သည်  ငြိမ်းချမ်းစွာ  ဆန္ဒပြခြင်းမှသည် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိ၊ ကုံးသီး၊ ခဲများ ဖြင့် ပစ်ပေါက်ခြင်း၊ လမ်းများကိုပိတ်ဆို့ခြင်း အပါ အဝင် အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက် ဆန်စွာ  လုပ်ဆောင်လာလျက်ရှိသည်။  လူ ၅ ဦး ထက်ပို၍ စုဝေးခြင်းမပြုလုပ်ရန် ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသော်လည်း   တည်ဆဲဥပဒေကို  ဆန့်ကျင် လျက် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လာ ကြသည်။ တိုင်းပြည်တာဝန် ကျေပွန်စွာထမ်းဆောင် လျက်ရှိသည့်  ဝန်ထမ်းများကိုလည်း  CDM  တွင် ပါဝင်လာစေရန် ဖိအားပေး၍ ဆောင်ရွက်လျက်ရှိ သည်။


သွေးထိုးလှုံ့ဆော်


အမှန်တော့ ပြည်တွင်း၊ ပြည်ပမှနေ၍ မျိုးဆက် သစ်    လူငယ်များအား    နောက်ကွယ်မှ     သွေးထိုး လှုံ့ဆော်နေသူများသည်  လမ်းပေါ်ထွက်  ဆန္ဒပြမှု များတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ခြင်းမရှိကြပေ။ သို့သော် ထိုသို့ သွေးထိုးလှုံ့ဆော်နေကြသူများသည် ပြည်တွင်း၊ ပြည်ပမှ ရရှိသည့် အထောက်အပံ့များကိုမူ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြသည်။ လမ်းပေါ် ထွက်   ဆန္ဒပြနေကြသည့်   လူငယ်များအား   မင်းမဲ့ စရိုက်ဆန်သည့်    အပြုအမူများ    လုပ်ဆောင်လာ အောင်  အမျိုးမျိုး  မြှောက်ပင့်သွေးထိုးလျက်ရှိကြ သည်။ စိတ်ခံစားချက်ဦးစားပေးပြီး အဖျက်အမှောင့် လုပ်ငန်းများ   လုပ်ဆောင်မိသည့်   လူငယ်များသာ လျှင် ထိခိုက်နစ်နာလျက်ရှိသည်။ အချို့သောလူငယ် များဆိုလျှင် ဘုမသိ၊ဘမသိ အသက် ဆုံးရှုံးခဲ့ကြ ရသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။


ပကတိအခြေအနေမှန်ကို ရှုမြင်သင့်


ပြည်သူများအနေဖြင့်  နိုင်ငံအတွင်း  ဖြစ်ပျက် နေသည့် နိုင်ငံရေးဖြစ်စဉ်များ၏ ပကတိအခြေအနေ  မှန်ကို ရှုမြင်နိုင်အောင် မျက်မှန်စိမ်းချွတ်၍ ကြည့်သင့် သည်။   နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီသည်  ရွေးကောက်ပွဲ၌   မဲမသမာမှုများ   ဖြစ်ပေါ်ခဲ့သော ကြောင့်   ဖွဲ့စည်းပုံအခြေခံဥပဒေအရ   နိုင်ငံတော် တာဝန်ကို ရယူထားခြင်းဖြစ်ပေသည်။ အချို့သော ပြည်သူများသည် ပြဿနာဖန်တီးသူများကို မမြင် ဘဲ   တိုင်းပြည်တာဝန်ကို  ခေတ္တထိန်းထားသည့် တပ်မတော်ကိုသာ တစ်ဖက်သတ် ပြစ်တင်ဝေဖန်နေ ခြင်းမှာ လမ်းကြောင်းလွဲနေသည်ဟု ထင်မိပါသည်။


ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း နိုင်ငံတော်ရှေ့ဆက်သွားမည့် လမ်းပြ မြေပုံကို အတိအလင်း ထုတ်ပြန်ကြေညာထားပြီးဖြစ် သည်။  လမ်းပေါ်ထွက် ဆန္ဒပြနေရုံမျှဖြင့် နိုင်ငံရေး အဖြေကို   ရရှိမည်မဟုတ်ချေ။ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမှသာလျှင် ဒီမိုကရေစီစနစ် ခိုင်မာ ရှင်သန်နေမည်ဖြစ်သည်။


တိုင်းပြည်အကျိုး မျှော်တွေးဆောင်ရွက်စေလို


ပြည်သူများအနေဖြင့် တိုင်းပြည်ကို အမှန်တကယ် ကာကွယ်စောင့်ရှောက်သွားလိုလျှင်၊ အနာဂတ် မျိုး ဆက်သစ်များကို  အမှန်တကယ်  ချစ်မြတ်နိုးသည် ဆိုလျှင်၊ တိုင်းပြည်နှင့်လူမျိုးအကျိုးကို အမှန်တကယ် သယ်ပိုးသွားလိုလျှင်   လမ်းပေါ်ထွက်   ဆန္ဒပြခြင်း၊ CDM လှုပ်ရှားခြင်း၊  လမ်းများပိတ်ဆို့ခြင်း၊ သံပုံးများ တီးခြင်း၊  အော်ဟစ်ဆဲဆိုခြင်း  စသည့် အဓိပ္ပာယ်မဲ့ သော လုပ်ရပ်များကို အချိန်မီ ရပ်တန့်သွားသင့်နေပြီ ဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီ ယဉ်ကျေးမှုအရ အချင်းချင်း  ညှိနှိုင်းဆွေးနွေးခြင်း၊  ပေါင်းစပ်ဖြေရှင်း ခြင်း၊ အများသဘောဆန္ဒအတိုင်းဟု ဆိုသော်လည်း လူနည်းစု၏ဆန္ဒကိုလည်း အလေးထားခြင်း စသည့် အပြုသဘောဆောင်သော      နည်းလမ်းတို့ဖြင့်သာ ချဉ်းကပ်ဆောင်ရွက်သွားသင့်သည်။ 


မည်သို့ပင်ဆိုစေ  လက်ရှိအချိန်တွင် ဆန္ဒပြနေ ကြသူများ၊  CDM လှုပ်ရှားမှု  လုပ်ဆောင်နေသူများ အနေဖြင့် လမ်းပေါ်ထွက်ပြီး မင်းမဲ့စရိုက်ဆန်သော အပြုအမူများ  လုပ်ဆောင်နေသည်ထက် တိုင်းပြည် အကျိုးကို  မျှော်တွေးကာ တိုင်းရင်းသား ညီအစ်ကို  အချင်းချင်း ညှိနှိုင်းအဖြေရှာ ပူးပေါင်းဆောင်ရွက် သည့်  နိုင်ငံရေးယဉ်ကျေးမှု နည်းလမ်းဖြင့်သာ ဒီမို ကရေစီစနစ် ခိုင်မာရှင်သန်အောင် ပြုစုပျိုးထောင် သွားသင့်ပေသည်။      ။