တိုင်ဖွန်းမုန်တိုင်း “နီးစတ်” အားလျော့သွားနိုင်သည်ဟုခန့်မှန်း

 

နေပြည်တော်  အောက်တိုဘာ  ၁၈
ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်  တိုင်းထွာချက် များအရ     တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော   တိုင်ဖွန်းမုန်တိုင်း  “နီးစတ်” သည်  အနောက်တောင်ဘက်သို့  ရွေ့လျား ခဲ့ပြီး   တရုတ်နိုင်ငံ    ဟိုင်နန်ကျွန်း၏   အရှေ့ တောင်ဘက်  ရေမိုင် ၂၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။   အဆိုပါ တိုင်ဖွန်းမုန်တိုင်း “နီးစတ်” သည်  အနောက်- အနောက်တောင်ဘက်သို့   ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် အားကောင်း သော အပူပိုင်းမုန်တိုင်း  “နီးစတ်”  အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ သည်။
မိုး/ဇလ