တိုင်ဖွန်းမုန်တိုင်း ဟင်နမ်နော်သည် သီတင်းပတ်ကုန်တွင် အိုကီနာဝါပြည်နယ်သို့ ဝင်ရောက်လာနိုင်

 

အိုကီနာဝါ    စက်တင်ဘာ  ၁


တိုင်ဖွန်းမုန်တိုင်း     ဟင်နမ်နော် သည်     တောင်ဘက်သို့    ခေတ္တ ရွေ့လျားပြီးနောက်    ဂျပန်နိုင်ငံ  တောင်ပိုင်း အိုကီနာဝါပြည်နယ်သို့ ပြန်လည်ချဉ်းကပ်ရန်     ခန့်မှန်း ထားကြောင်း သိရသည်။

 


ပြင်းထန်သည့်     တိုင်ဖွန်း မုန်တိုင်းသည်        စက်တင်ဘာ ၁  ရက်   ညနေ   ၆   နာရီအထိ မီယာကိုဂျီမာကျွန်း၏      တောင် ဘက် ကီလိုမီတာ ၃၇၀ အကွာရှိ  ရေပြင်တွင်  တစ်နာရီလျှင်   ၁၅ ကီလိုမီတာနှုန်းဖြင့် တောင်ဘက် သို့     ရွေ့လျားနေကြောင်း    ဂျပန် မိုးလေဝသအေဂျင်စီက ပြောကြား သည်။ လေပြင်းတိုက်ခတ်မှုနှုန်းမှာ  တစ်နာရီလျှင်  ကီလိုမီတာ   ၂၇၀ ရှိပြီး  မုန်တိုင်း၏  ဗဟိုအနီးတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၉၈     ကီလိုမီတာ   ရှိကြောင်း သိရသည်။

 


မုန်တိုင်းမှာ       အိုကီနာဝါ ပြည်နယ်        တောင်ဘက်သို့ ရွေ့လျားနေသဖြင့်     အင်အား    ပြင်းထန်လာမည်ဟု ခန့်မှန်းထား ပြီး  စက်တင်ဘာ   ၂  ရက်အထိ ဆက်လက်   တည်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

 


လေပြင်းများ  တိုက်ခတ်ခြင်း နှင့်        လှိုင်းကြီးခြင်းတို့အတွက်  သတိထားနေထိုင်ကြရန်၊ တိုင်ဖွန်း မုန်တိုင်းနှင့်            ပတ်သက်၍ ဘေးကင်းရေး    သတိပေးချက် များနှင့်      အခြားသတင်းအချက် အလက်များကို    နားစွင့်နေရန် ပြည်သူများအား တိုက်တွန်းထား ကြောင်း သိရသည်။

 


မြေပြိုခြင်း၊ မြေနိမ့်ပိုင်းဒေသ များတွင် ရေကြီးခြင်း၊ မြစ်၊ ချောင်း များ ရေလျှံခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် လေဆင်နှာမောင်း တိုက်ခတ် ခြင်းတို့အတွက် ပြည်သူများအား သတိရှိကြရန်           မိုးလေဝသ အေဂျင်စီက     တိုက်တွန်းထား ကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ