
ရေချမ်း - မန်း
ပြီးခဲ့တဲ့လက မန္တလေးမြို့ရဲ့ မြို့ကျက်သရေဆောင် ရတနာပုံခန်းမသစ်ကြီးမှာ ကျင်းပခဲ့တဲ့ အခမ်း အနားက ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့အပြင် နိုင်ငံတော်တစ်ဝန်းလုံးနဲ့ဆက်စပ်ပြီး ဝမ်းမြောက် ဂုဏ်ယူဖွယ်လို့ ပြောရမယ့် အခမ်းအနားတစ်ခု ဖြစ်ပါတယ်။
ဒီအခမ်းအနားက မန္တလေးတိုင်းဒေသကြီး အတွင်း ဆောင်ရွက်ခဲ့တဲ့ နိုင်ငံသားတိုင်း ဥပဒေ နဲ့အညီ ကိုင်ဆောင်သင့်တဲ့ နိုင်ငံသားကတ်တစ်ခုခု ကို ကိုင်ဆောင်နိုင်ရေး နိုင်ငံတော်အဆင့် ပြုလုပ်ခဲ့ တဲ့ “ပန်းခင်းစီမံချက်” ကို မန္တလေးတိုင်းဒေသကြီး အနေနဲ့ တိုင်းလုံးကျွတ် လျာထားရာနှုန်းထက် ကျော်လွန်ပြီးမြောက်တာကို ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားဖြစ်ပါတယ်။
မြန်မာဘုရင် နောက်ဆုံးမင်းဆက်တို့စိုးစံခဲ့ရာ မြန်မာတို့ရဲ့ အသည်းနှလုံးလို့ တင်စားထိုက်တဲ့ မြနန်းစံကျော်နန်းတော်ကြီးနဲ့ ကျုံး၊ မြို့ရိုးတို့ တည်ရှိရာ မန္တလေးမြို့တော်ကြီးဟာ တစ်ချိန်က ရတနာပုံ မင်းနေပြည်တော်ကြီးအဖြစ် ခံ့ညား ထည်ဝါ ဂုဏ်ယူစရာရှိခဲ့တဲ့မြို့ဖြစ်ပါတယ်။ ဒီလို သမိုင်းဝင်၊ သမိုင်းတင် အထင်ကရ မွန်မွန်မြတ်မြတ် နေရာမှာ ရတနာပုံမင်းနေပြည်တော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရတနာပုံခန်းမကြီးမှာ မန္တလေးတိုင်းဒေသ ကြီးရဲ့ “ပန်းခင်းစီမံချက်အောင်ပွဲအခမ်းအနား”ကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တာက ဝန်ထမ်းတွေ ရဲ့ လုပ်အားအလှစွမ်းဆောင်ရည်နဲ့ ဂုဏ်ချင်းထပ်တဲ့ ပွဲလို့ ဆိုနိုင်ပါတယ်။
နိုင်ငံတစ်ခုလုံးအရေးနဲ့ ဆက်စပ်နေတဲ့ကိစ္စ
ဒီအခမ်းအနားရဲ့ ထူးခြားလေးနက်မှုက ယနေ့နိုင်ငံတော်အကြီးအကဲကိုယ်တိုင် နိုင်ငံနဲ့ ပြည်သူ အတွက် အနာဂတ်ဒီမိုကရေစီနိုင်ငံကို ထူထောင်ရာ မှာ အဓိကကျတဲ့ အထောက်အကူနဲ့ အခြေခံကျတဲ့ နိုင်ငံသားတစ်ဦးချင်းစီပါဝင်တဲ့ နိုင်ငံတစ်ခုလုံး အရေးနဲ့ ဆက်စပ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။
ဒီအခမ်းအနားက အထက်ကပြောခဲ့သလို နိုင်ငံ တစ်ခုလုံးရဲ့ အရေးအရာနဲ့ ဘယ်လိုဆက်စပ်နေ သလဲဆိုတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်းပါအချက်တချို့က ဒီအခမ်း အနားနဲ့ သက်ဆိုင်နေပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့တဲ့ မိန့်ခွန်း ထဲမှာ “၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံသားကတ် မရှိ ဘဲ မဲပေးသူ ၄၆၄၈၂၇၀ ( ၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အကျုံး ဝင်သော (ဥပဒေအရ နိုင်ငံသားတွေအားလုံး) ကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနဲ့ (ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုး) ထုတ် ပေးနိုင်ဖို့အတွက် ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ ကစပြီး စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မှတ်ပုံတင်ပြုလုပ် ရမည့်လူဦးရေ ၃၄၉၁၃၆၄ ဦး(၃ ဒသမ ၄ သန်း ကျော်) အနက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ အထိ ၁၉၀၅၈၄၃ ဦး(နှစ်သန်းနီးပါး) ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ၅၅ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ မိမိမှတ်ပုံတင် မိမိကိုင်ပြီး ခိုင်ခိုင်လုံလုံ သေသေချာချာနဲ့ ကျွန်တော် ကျွန်မဟာ ဖြင့် နိုင်ငံသားတစ်ဦးပါဆိုတာကို သက်သေပြပြီး မဲပေးနိုင်ရေးက အလွန်အရေးကြီးတာမို့ ဒီအချက်ကို ဖြည့်ဆည်းနိုင်ဖို့ ပန်းခင်းစီမံချက် ချမှတ်ဆောင်ရွက် နေပါတယ်”လို့ လမ်းညွှန်ခဲ့တာကို မှတ်သားခဲ့ရပါ တယ်။
၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့
ဒီနေ့ အခမ်းအနားပြုလုပ်ချိန်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ခဲ့တဲ့အပေါ် သက်ဆိုင်ရာဝန်ကြီးဌာန အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ နိုင်ငံတော်နဲ့ ပြည်သူအတွက်ဆိုတဲ့ ရည်မှန်းချက်နဲ့ သတ်မှတ်တဲ့ ၁၈ လတာ ကာလအတွင်း စီမံချက်ပါ အရေအတွက်အတိုင်း နိုင်ငံသားကတ်များ ထုတ်ပေး နိုင်ရေးအတွက် ဝန်ထမ်းတွေအနေနဲ့ ရုံးချိန်သာ မက ကိုယ်ပိုင်အချိန်တွေကိုပါ ဝါယမစိုက်ထုတ်လို့ အင်တိုက်အားတိုက်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက အာဏာပိုင်အဖွဲ့တွေ၊ အခြားဆက်စပ် ဌာနတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ ဒီအခမ်းအနားပြုလုပ်တဲ့အချိန်မှာ မန္တလေးတိုင်း ဒေသကြီးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် လေးခုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ခြင်း ဖြစ်ပါတယ်။
လျာထားချက်ထက်ပိုခဲ့
ပထမဆုံးပြီးစီးတာက ပဲခူးတိုင်းဒေသကြီး၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီး၊ တတိယ နေပြည် တော်ကောင်စီနယ်မြေနဲ့ စတုတ္ထ မန္တလေးတိုင်း ဒေသကြီးဖြစ်ပါတယ်။ ထူးခြားတာက မန္တလေး တိုင်းဒေသကြီးအနေနဲ့ စီမံချက်အရ သတ်မှတ်ထား တဲ့ အရေအတွက်အပြင် နယ်စပ်လမ်းကြောင်း အသီးသီးကနေတစ်ဆင့် ပြန်လည်ဝင်ရောက် လာသူတွေ၊ ရွှေ့ပြောင်းနေထိုင်သူအချို့ တိုးလာသူ တွေကိုပါ ဆောင်ရွက်ပေးနိုင်ခဲ့လို့ ၁၀၂ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ပြီးစီးကာ လျာထားချက်ထက်ပိုခဲ့ တာက တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ ရည်မှန်းချက်တာဝန်အပေါ် အလေးအနက်ထားကာ ငါတို့ပြည်သူတွေ နိုင်ငံသားကတ်ရှိအောင် လုပ်ပေး မယ်ဆိုတဲ့ စေတနာနဲ့ အပင်ပန်းခံလို့ ဝီရိယရှေ့ထား လုပ်ဆောင်ခဲ့ကြတာ အထူးပေါ်လွင်ပါတယ်။ မန္တလေးတိုင်းဒေသကြီးရဲ့ ပြုလုပ်ပေးရမယ့် နိုင်ငံ သားကတ်အရေအတွက်က ၃၈၀၀၁၆ ခုဖြစ်ပြီး အမှန်တကယ် မြေပြင်မှာပြုလုပ်ခဲ့ပြီးတာက ၃၈၉၇၂၃ ခုဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ် ရာခိုင်နှုန်းထက် ပိုပြီးခဲ့တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အဲဒီအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဝမ်းမြောက်မုဒိတာစကား တွေ ပြောကြားခဲ့ပါတယ်။ အဲဒီအချက်တွေထဲက အရေးကြီးတာအချို့ကို အနည်းငယ်ပြန်လည်ဖော် ပြပါ့မယ် ။ “၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေး ခွင့်ရှိသူ ၃၈ သန်းမှ ၂၇ သန်းကျော်သာ နိုင်ငံရဲ့ မြို့ပေါင်း ၃၁၅ မြို့နယ်မှာ မဲပေးနိုင်ခဲ့ကြောင်း၊ မဲပေးခဲ့ကြတာတွေကို ပြန်လည်စိစစ်တဲ့အခါ ဘာအမှတ်အသား၊ အထောက်အထားမှမပါတဲ့ မဲ က ၄ ဒသမ ၈ သန်း၊ ကတ်ပြားတစ်ခုတည်းနဲ့ သုံး နေရာမဲပေးတာက ၂ ဒသမ ၉၅ သန်း၊ နှစ်နေရာ ပေးခဲ့တာက ၃ ဒသမ ၅ သန်းရှိကြောင်း၊ အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့ကြသူတွေက ၁၄၄၂၃ ဦး ရှိပြီး အသက် ၁၀၀ ကျော်ရှိပြီးသူတွေ မဲပေးခဲ့တဲ့ အရေအတွက်က ၂၅၀၆၆ဦးရှိကြောင်း၊ ဒီအချက် အလက်တွေကို ကြည့်မယ်ဆိုရင် ၂၀၂၀ ရွေးကောက် ပွဲမှာ မဲမသမာမှုအရေအတွက် ၁၁ ဒသမ ၈ သန်း ရှိခဲ့လို့ စုစုပေါင်း မဲပေးခဲ့သူအရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းကျော်ရှိခဲ့တာကို တွေ့ရကြောင်း” ပြော ကြားခဲ့တာကို မှတ်သားရပါတယ်။
တရားဝင်နိုင်ငံသားဖြစ်ဖို့
ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အဲဒီနိုင်ငံရဲ့ နယ်နိမိတ် ဧရိယာ၊ နိုင်ငံ့အရိပ်အတွင်းမှာ လူတစ်ဦးနေထိုင် နေပြီဆိုတာနဲ့ အဲဒီသူဟာ တရားဝင်နိုင်ငံသားဖြစ်ဖို့ အဓိကအရေးကြီးပါတယ်။ ဥပမာ ကလေး တစ်ယောက်မွေးဖွားလာရင် ဖွားစာရင်းရှိဖို့ လိုသလို ဖွားစာရင်းရှိနေမှသာ မိခင်၊ ဖခင် ဘယ်သူ၊ ဘယ်မြို့ ရွာ၊ ဘယ်နေ့ရက်အချိန်မှာ မွေးတယ်၊ ဘာနေ့သား ဆိုတာ တရားဝင်ရှိမှာ ဖြစ်ပါတယ်။ ဒီမွေးစာရင်း ရှိမှသာ ပုံစံ ၁၀၊ အိမ်ထောင်စုဝင်စာရင်းမှာ တရား ဝင်သွင်းဖို့ အဆင်ပြေမှာဖြစ်ပါတယ်။ လောကလူ့ ဘောင်မှာနေရင် ယနေ့အချိန်က ကျောက်ခေတ်၊ သံခေတ် မဟုတ်ဘဲ အင်တာနက်ခေတ်မှာ ဘာဖြစ် ဖြစ် data တွေ၊ document တွေ ခိုင်လုံတိကျဖို့ လိုပါတယ်။ ဒီလိုပဲ နိုင်ငံသားတစ်ဦးရယ်လို့ နိုင်ငံ တစ်ခုမှာ နေထိုင်ပြီဆိုရင် နိုင်ငံသား သက်သေခံ ကတ်တစ်ခုရှိဖို့ လိုအပ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင် ကြစို့” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ရဲ့ ရည်မှန်းချက်၊ ဝန်ကြီးဌာနရဲ့ မူဝါဒများနဲ့အညီ “နိုင်ငံ သားတစ်ဦးစီ တစ်ဦးစီတိုင်းတို့ဟာ နိုင်ငံသား တစ်ဦးအဖြစ် အခိုင်အမာ အသိအမှတ်ပြုခံရဖို့ လိုပါတယ်။ ဒါကို အလေး အနက်ထားထပ်ပြောရရင် နိုင်ငံတော်ရဲ့ အနာဂတ် ရှေ့လုပ်ငန်းစဉ်များမှာ မရှိမဖြစ်ကိုင်ဆောင်ထားဖို့ လိုအပ်နေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ ပတ်သက်လို့ “ပန်းခင်းစီမံချက်” နဲ့ ပြုလုပ်ပေး နေပါတယ်။
ဒီပန်းခင်းစီမံချက်က အသက် ၁၆ နှစ်အထက် နိုင်ငံသားအားလုံး နိုင်ငံသားစိစစ်ရေးကတ် မရှိ သေးရင် ရှိအောင် ၁၈ လတာကာလ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိအတွင်းမှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ မိမိတို့ ကိုယ်တိုင်ကလည်း အသိ ကောင်းများကို နားလည်ခံယူ ရင်ဝယ်ပိုက်ကာ မိမိအတွက် မိမိတို့ကိုယ်တိုင် လုံ့လစိုက်၍ ဒီအချိန်မှာ မဖြစ်မနေပြုလုပ်ထားကြဖို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။
နိုင်ငံသားအခွင့်အရေး မဆုံးရှုံးကြစေရန်
ဒါကြောင့် နိုင်ငံသားတိုင်း အခြေခံလူမှုအခွင့် အရေးမှသည် နိုင်ငံအတွက် အရေးအကြီးဆုံး ရွေးကောက်ပွဲတွေမှာ ခိုင်ခိုင်မာမာ ကိုယ့်နိုင်ငံ သားကတ် ကိုယ်ပြကာ မဲပေးနိုင်ဖို့လိုပါတယ်။ ဒါ့ပြင် လူမှုအရေးအရာအားလုံးနဲ့ လူ့ပတ်ဝန်းကျင်နေရာ တိုင်းမှာ မဖြစ်မနေ ကိုယ်နဲ့မကွာဆောင်ထားရ မယ့် (မိမိကိုယ်ပွားသက်သေခံကတ်ပြား)ဖြစ်တဲ့ ဒီနိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူ၊ ပျောက်ဆုံး နေသူ၊ မပြုလုပ်ရသေးသူအားလုံး မိမိတို့နိုင်ငံသား အခွင့်အရေး မဆုံးရှုံးကြစေရန် မြန်မြန်သာပြုလုပ် ထားလိုက်ပါလို့ ထပ်မံနှိုးဆော်လိုပါတယ်။
မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန တိုင်းဦးစီးမှူး အပါ အဝင် ခရိုင်များ၊ မြို့နယ်များက သတ်မှတ်စီမံချက် ကာလမရောက်ခင် ဆောလျင်စွာပဲ ပြုလုပ်ပေးရ မယ့် နိုင်ငံသားစိစစ်ရေးကတ် အရေအတွက်ထက် ပိုပြီး ရည်မှန်းတာဝန်ထက်ကျော်လွန်အောင်ကို လုပ်ဆောင်ခဲ့ကြလို့ တိုင်းလုံးကျွတ်ပြီးစီးခဲ့ပါတယ်။
“တစ်ယောက်အားဖြင့် ဆောင်သော်မရ၊ တစ်သောင်းအားဖြင့် ဆောင်သော်ရ၏” ဆိုတဲ့ မြန်မာစကားပုံလို တိုင်းဒေသကြီးအတွင်းက သက်ဆိုင်ရာဝန်ကြီးဌာနအောက် ဝန်ထမ်းတွေ တက်ညီလက်ညီကြိုးစားခဲ့ကြလို့ ဒီအောင်မြင်မှုကို ရတာပဲလို့ အသိအမှတ်ပြု ကျေးဇူးတင်ရပါတယ်။
ဒါက ဒီတိုင်းအတွင်းက ဝန်ထမ်းတွေဟာ မိမိတို့ ရဲ့အလုပ်ကို အထက်ကပြောခဲ့သလို ဝန်ထမ်းမို့လို့ တာဝန်ဆိုတာထက် ငါတို့နိုင်ငံ၊ ငါတို့ပြည်သူအတွက် ဆိုတဲ့ စိတ်စေတနာနဲ့ ပြည်သူအတွက် ဝတ္တရားကို လည်းသိ၊ စေတနာလည်း အထူးထားရှိကာ နေ့ မအား ညမနားဘဲ စိတ်ရော ကိုယ်ရောနှစ်ပြီး အပင် ပန်းခံဆောင်ရွက်ခဲ့ကြတာကြောင့် သတ်မှတ်ချက် ကို ကျော်လွန်၍ ၁၀၂ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ပြီးစီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုပေးခဲ့
ဒီအခမ်းအနားမှာ မိုးကုတ်မြို့နယ်၊ မတ္တရာ မြို့နယ် အပါအဝင် မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက် ခရိုင်/မြို့နယ်များနှင့် တိုင်းဦးစီးမှူးရုံးတို့မှ ထူးချွန် စွာဖြင့်တာဝန်ကို စွမ်းစွမ်းတမံ ကျေပွန်စွာတာဝန် ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းများကို ရာထူးအဆင့် တံဆိပ်များ တိုးမြှင့်တပ်ဆင်ပေးခဲ့တာကလည်း ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုပေးခဲ့တာမို့ မုဒိတာ ပွား ဂုဏ်ယူစရာဖြစ်ပါတယ်။
အချုပ်အားဖြင့် မန္တလေးတိုင်းဒေသကြီး အပါ အဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှ ဝန်ထမ်းတွေက နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင် ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံ တော်တာဝန်အား လွှဲအပ်နိုင်ရေး မဖြစ်မနေဆက်လက် ဆောင်ရွက်ရမယ့် နိုင်ငံတစ်ဝန်းလုံးနဲ့ ပတ်သက်နေ တဲ့ အရေးကြီးကိစ္စအတွက် မိမိတို့ မန္တလေးတိုင်း ဒေသကြီးရဲ့တာဝန်ကို အကောင်းဆုံးရည်မှန်းချက် ထက်ပိုအောင် လုံ့လစေတနာနဲ့ ဆောင်ရွက်ခဲ့ကြတဲ့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တိုင်းဦးစီးမှူးရုံး အပါအဝင် ခရိုင်၊ မြို့နယ်များမှ မြို့နယ်ဦးစီးမှူး များနဲ့ ပြည်သူ့ဝန်ထမ်းအားလုံးကို ဤဆောင်းပါး ဖြင့် အမှတ်တရလေးစားစွာ ဂုဏ်ပြုလိုက်ရပါ တယ်။ ။
- Log in to post comments