တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သို့ ကြည့်ရှုစစ်ဆေး

 

ပြည်   ဇန်နဝါရီ   ၃၀

 


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဥပဒေချုပ်၊ တာဝန် ရှိသူများနှင့်အတူ ဇန်နဝါရီ  ၂၉ ရက် မွန်းလွဲပိုင်းက ပြည်ခရိုင် ရွှေတောင် မြို့နယ်ရှိ အမှတ်(၃) အကြီးစားစက်မှုဝန်ကြီးဌာန အမှတ်(၁)    အထည်စက်ရုံ(ရွှေတောင်)  ရှင်းလင်း ဆောင်သို့ရောက်ရှိရာ စက်ရုံမှူးက စက်ရုံအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  နည်း ပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊  ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် ပြည်တွင်းထွက်ကုန်ကြမ်း  ပစ္စည်း လွယ်ကူလျင်မြန်စွာရရှိနိုင်ရေး ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း     ပြောကြားပြီး စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ် သည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်ရုံလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအဆင့်ဆင့်မှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေး ပြီး  စျေးကွက်ဝင်တန်ဖိုးမြှင့်  ထုတ်ကုန်ထုတ်လုပ် နိုင်ရေး မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၁-၂၀၂၂   ဘဏ္ဍာရေးနှစ်   (Mini Bud get) တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်  ရွှေတောင်မြို့ မီးသတ်ရေကန် မြေထိန်းနံရံ ပြိုကျမှု  ကာကွယ်ရန် BoredPile ရိုက်ခြင်းနှင့် SelectedSoil ဖြင့် အစားထိုးလဲလှယ်ပြုပြင်ခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားသည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေတောင်မြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမျက်မှန် ဘုရားသို့ ဖူးမြော်ကန်တော့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင် ရေး    အလှူငွေများ    ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။                                      

သတင်းစဉ်