တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌  လူမျိုးမရွေး ဘာသာမရွေး ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော်   ဇန်နဝါရီ   ၁၈
တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး     ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး    အသက် ၄၀ အထက် ဒေသခံပြည်သူများ၊  အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီ    တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်    အထက်တန်း အဆင့်   ကျောင်းသား ကျောင်းသူ များစသည့်     ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ  ဆေး အဖွဲ့များ၊    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊     သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း        လုပ်ငန်းများ ကို      ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်နှင့်   ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ     မြို့နယ်  ၁၀  မြို့နယ်၌ ဒေသခံပြည်သူ ၂၁၁၄ ဦး၊ ရှမ်းပြည် နယ်အရှေ့ပိုင်းအတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌  ဒေသခံပြည်သူ ၂၂၃၃ ဦး၊      မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌   ဒေသခံပြည်သူ ၄၇၁၃ ဦး၊  တနင်္သာရီတိုင်းဒေသ ကြီး    ပုလောမြို့နယ်၌    ဒေသခံ ပြည်သူ ၁၂၃၅ ဦး၊    ရန်ကုန်တိုင်း ဒေသကြီး     ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၌    ဒေသခံ ပြည်သူ ၁၄၀၀ ၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌       ဒေသခံပြည်သူ ၂၁၃၆၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌  ဒေသခံ ပြည်သူ ၁၀၆၆၄ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခု တို့မှ ဒေသခံပြည်သူ ၉၃၄၆ ဦးနှင့် ပဲခူးတိုင်းဒေသကြီး    တောင်ငူ မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့၌ သံဃာတော် သုံးပါး၊    ဒေသခံ ပြည်သူ ၇၈၇ ဦး တို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး       ဝန်ထမ်းများ၊ စေတနာ့       ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ 
ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်နှင့် ယနေ့တွင်  ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ      မြို့နယ် ၁၀ မြို့နယ်၌      ကျောင်းသား ကျောင်းသူ ၁၁၃၂ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌   ကျောင်းသား ကျောင်းသူ ၅၆၀ တို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊   သက်ဆိုင်ရာ ကျန်းမာရေး         ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။
ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်   ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။         
သတင်းစဉ်