တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်  အောက်တိုဘာ  ၅


ကိုဗစ်-၁၉   ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက် ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည်  အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့်       လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့်     ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံမှု ကို တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးတို့၌     တပ်မတော်မှ ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံ များမှ    ဆရာဝန်များ၊   သူနာပြု များ၊  ကျန်းမာရေးဝန်ထမ်းများ နှင့်     စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို     အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့    ဆောင်ရွက်လျက်ရှိ ရာ   သံဃာတော်များ၊   သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုး မရွေးဘာသာမရွေး အသက် (၅၅)နှစ်နှင့်အထက်    ဒေသခံပြည်သူ များ၊  အကျဉ်းသား  အကျဉ်းသူ များ၊   မသန်စွမ်းသူများ၊  တိုင်းရင်း သား    လက်နက်ကိုင်အဖွဲ့များ၊   နာတာရှည်ရောဂါ      အခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ နှင့် ယာယီတိုက်ပွဲရှောင်စခန်းများ ရှိ   ပြည်သူများစသည့်  ဦးတည် အုပ်စု ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉   ရောဂါ     ကာကွယ်ဆေးများ ကို နေ့စဉ်ထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင်လည်း   ရှမ်းပြည်နယ် (မြောက်ပိုင်း)     သီပေါမြို့နှင့် ကျောက်မဲမြို့တို့၌  ၁၁၉၀၊  ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့၊    မိုင်းဆတ်မြို့နှင့်   မိုင်းပျဉ်း မြို့တို့၌ ၂၁၄၀၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ ၁၂၄၅၀၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌      ၆၅၀၅  ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကိုးမြို့နယ်တို့၌ ၇၇၀၉ ဦး၊ ရခိုင်ပြည်နယ်   စစ်တွေမြို့နယ် အတွင်းရှိ    ကယ်ဆယ်ရေးစခန်း များမှ   ဘင်္ဂါလီ ၈၆၈ ဦး၊    ရခိုင် ပြည်နယ်အတွင်းရှိ       မြို့နယ် ၁၀  မြို့နယ်တို့၌    ၈၆၄၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး   ကလေး မြို့နယ်၌ ၂၅၀၀ (ဝဲပုံ)နှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ခုနစ်ခရိုင်အတွင်း၌ ၂၉၃၃၀ တို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ  ဆရာဝန် များ၊  သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊    စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍  ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေး  ထိုးနှံ ပေးခြင်းများ  ဆောင်ရွက်ပေးနိုင် ခဲ့သည်။
ယင်းသို့  ဆောင်ရွက်ပေးနေ မှုများကို  သက်ဆိုင်ရာမှ တာဝန်ရှိ သူများက  သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်