
နေပြည်တော် ဩဂုတ် ၂၅
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ သံဃာတော် များ၊ ၆၅နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၂၀၀ တို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ကိုးမြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၆၃၇ ဦးတို့ကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခု တို့မှ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(ဝဲပုံ)နှင့် ပြည်သူ စုစုပေါင်း ၇၈၅၁ ဦးတို့ကို လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်