တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ


 

နေပြည်တော် ဩဂုတ်  ၂၄


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတွင်        ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို    ဝိုင်းဝန်း ကြိုးပမ်း  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်များ အတွင်းရှိ       သံဃာတော်များ၊  ၆၅ နှစ်နှင့်အထက်   သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူ စုစုပေါင်း ၁၄၄၄ ဦး  တို့ကိုလည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ကိုးမြို့နယ်အတွင်းမှ  ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား များ၊   စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း  ၂၀၂၀   တို့ကို လည်းကောင်း၊  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခြောက် ခုမှ        ထေရ်ကြီးဝါကြီး    ဆရာ တော်ကြီးများ၊   သာသနာ့နွယ် ဝင်သီလရှင်များ၊   ၆၅  နှစ်နှင့် အထက်   သက်ကြီး ဘိုးဘွားများ နှင့် ပြည်သူ  စုစုပေါင်း  ၃၄၄၄ ဦး တို့ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ     ကာကွယ် ဆေးထိုးနှံပေးခြင်းများ  ဆောင် ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက သွားရောက် ကြည့်ရှု   အားပေးခဲ့ကြကြောင်း  သတင်း ရရှိသည်။
သတင်းစဉ်