တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်စက်ပစ္စည်းများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်

 

နေပြည်တော်  ဇူလိုင်  ၂၁


ကျန်းမာရေးနှင့်    အားကစား ဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက     ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး   ဦးစီးဌာန အတွက်  ပေးပို့သည့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊     ထိန်းချုပ်၊ ကုသရေး      လုပ်ငန်းများတွင် အသုံးပြုမည့်      ပစ္စည်းများကို နေပြည်တော်လေဆိပ်မှ ကလေး မြို့သို့လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊ ကုသရေး     လုပ်ငန်းများအတွက် လိုအပ်သော     အောက်ဆီဂျင် စက်ပစ္စည်းများကို   ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဟားခါး၊ မင်းတပ်၊ ခန္တီး၊ သံတွဲမြို့ များသို့ လည်းကောင်း   ယနေ့ နံနက်ပိုင်းတွင်     တပ်မတော် လေယာဉ်များဖြင့်     အသီးသီး ပို့ဆောင်ပေးခဲ့သည်။
တပ်မတော်     ပို့ဆောင်ရေး လေယာဉ်များဖြင့် ပို့ဆောင်ပေးရာ တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊    ကုသရေး  ပစ္စည်း များဖြစ်သည့်       Bleaching Powder ပုံး ၅၀ ၊    Surgical Gowns ပုံး ၅၀ ၊  Exam Glove ပုံး ၅၀ ၊ Surgical Cap သုံးပုံး၊ Apron ရှစ်ပုံး၊ Face Shield နှစ်ပုံး၊ Surgical  Mask ၁၆၇ ပုံး၊ PPE  Coverall အခု ၂၄၀ ၊  Surgical Gloves ၂၅ ဖာ၊   KN-95 ရှစ်ဖာ၊ Goggle ၂၅ ပုံး တို့ကိုလည်းကောင်း၊ အောက်ဆီဂျင်      စက်ပစ္စည်းများ ဖြစ်သော   Generator သုံးစုံ၊  Compressor သုံးစုံ၊  Gryer သုံးစုံ၊ Tank မျိုးစုံ ကိုးစုံ၊ RIX သုံးစုံ၊ Rank သုံးစုံနှင့်      UPS သုံးစုံတို့ကို လည်းကောင်း   ပို့ဆောင် ပေးခဲ့ရာ  သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ် များမှ    တိုင်းမှူးများနှင့် တာဝန်ရှိ သူများက   အသီးသီး လက်ခံယူ ကြသည်။
အဆိုပါ     အောက်ဆီဂျင် စက်ပစ္စည်းများကို တပ်မတော် လေယာဉ်ဖြင့်     ရန်ကုန်မြို့မှ မုံရွာမြို့သို့   ပို့ဆောင်ပြီး    ထိုမှ တစ်ဆင့် ချင်းပြည်နယ် ဟားခါး မြို့သို့ လည်းကောင်း၊     မကွေး တိုင်းဒေသကြီး     ကျောက်ထုမြို့ မှတစ်ဆင့်       ချင်းပြည်နယ် မင်းတပ်မြို့သို့    လည်းကောင်း၊ ကချင်ပြည်နယ်  မြစ်ကြီးနားမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ သို့လည်းကောင်း    တပ်မတော် ရဟတ်ယာဉ်များဖြင့်  အဆင့်ဆင့် ဆက်လက်   ပို့ဆောင်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်