
ရန်ကုန် သြဂုတ် ၂၆
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေး သိုလှောင်ခန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ဆေး သိုလှောင်ရေးတပ်တို့တွင် ထားရှိ သည့် ကိုဗစ်ရောဂါကာကွယ် ဆေးများကို စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ Cold Chain Deli- very Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ Sino- pharm ဆေးအလုံး ၂၈၁၁၀၊ Syringe အချောင်း ၈၅၀၀၊ Nee-dles အချောင်း ၈၅၀၀ နှင့် SINOVAC ဆေးအလုံးရေ ၁၁၆၀၊ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး မြို့သို့ Sinopharm ဆေးအလုံး ၁၀၀၀၀၊ Syringe အချောင်း ၁၀၀၀၀ နှင့် Needles အချောင်း ၁၀၀၀၀၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့သို့ Sinopharm ဆေးအလုံးရေ ၂၁၃၇၄ လုံး၊ Sy-ringe ၉၈၃၄ ချောင်းနှင့် Needles ၉၈၃၄ ချောင်း၊ SINOVAC ဆေး အလုံးရေ ၆၆၈လုံး၊ Redmisiver အပါအဝင် ကိုဗစ်ဆိုင်ရာ ကုသ ဆေးများကို တပ်မတော်လေယာဉ် များဖြင့် ဆက်လက်ပေးပို့ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံယူ ပြီး သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေး သော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ဦးတည်အုပ်စုလူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဝေးလံခက်ခဲသောဒေသ များသို့ တပ်မတော်(လေ)ပို့ဆောင် ရေးလေယာဉ်များဖြင့် မြန်မာ့လေ ကြောင်းတို့၏ အကူအညီများရယူ ကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်