တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

 

နေပြည်တော်   ဇန်နဝါရီ    ၂


ကိုဗစ်-၁၉  ရောဂါ     ဓာတ်ခွဲ အတည်ပြု    ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ကို တပ်မတော်ဆေးရုံများ၊ပြည်သူ့ ဆေးရုံများ၊     ကျန်းမာရေးဌာန များနှင့်     ကိုဗစ်စင်တာများတွင် ကျန်းမာရေး   စောင့်ရှောက်ပေး ခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း  လုပ်ငန်း များကို တပ်မတော်သားဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍     ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ကာကွယ် ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့  သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း  တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Deli-very  Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ၌     ထားရှိသော    ဆေးများကို   ပုသိမ်မြို့သို့    ဆေးတစ်လုံးလျှင် ငါးယောက်   ထိုးနိုင်သော    Sino-pharm ဆေး ၁၀၉၆ လုံး၊ ဆေး တစ်လုံးလျှင် နှစ်ယောက်ထိုးနိုင် သော   Sinovac  ဆေး  ၆၅၀၀၊ ဆေးတစ်လုံးလျှင် (၁၁) ယောက် ထိုးနိုင်သော   Covishield  ဆေး ၃၀၉၁၀၊    ရန်ကုန်မြို့သို့    ဆေး တစ်လုံးလျှင် ငါးယောက်ထိုးနိုင် သော Sinopharm ဆေး ၁၇၈၉လုံး၊ ဆေးတစ်လုံးလျှင်    နှစ်ယောက် ထိုးနိုင်သော        Sinovac   ဆေး  ၅၉၀၇၆ လုံး၊  ဆေးတစ်လုံးလျှင် (၁၁)ယောက်ထိုးနိုင်သော Covi-shield ဆေး ၃၅၅၄၆ လုံး၊ နေပြည် တော်  ကောင်စီနယ်မြေသို့  ဆေး တစ်လုံးလျှင် ငါးယောက် ထိုးနိုင် သော Sinopharm ဆေး ၁၂၆၄ လုံး၊ ဆေးတစ်လုံးလျှင် နှစ်ယောက် ထိုးနိုင်သော      Sinovac    ဆေး ၂၇၅၆  လုံး၊    ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covi-shield    ဆေး   ၂၉၃၇  လုံး၊ တောင်ကြီးမြို့သို့     ဆေးတစ်လုံး လျှင်   ငါးယောက်  ထိုးနိုင်သော Sinopharm  ဆေး အလုံး  ၃၀၀၊ ဆေးတစ်လုံးလျှင်    နှစ်ယောက်  ထိုးနိုင်သော    Sinovac  ဆေး  ၁၀၀၀၈ လုံး၊   ဆေးတစ်လုံးလျှင် (၁၁) ယောက် ထိုးနိုင်သော Covi-shield  ဆေး     ၁၃၆၃၇  လုံး၊ ဘားအံမြို့သို့  ဆေးတစ်လုံးလျှင် ငါးယောက်ထိုးနိုင်သော   Sino-pharm ဆေး ၁၃၇ လုံး၊  ဆေး တစ်လုံးလျှင် (၁၁)ယောက် ထိုးနိုင် သော Covishield ဆေး ၉၇၃၇လုံး၊ မော်လမြိုင်သို့  ဆေးတစ်လုံးလျှင် ငါးယောက်ထိုးနိုင်သော    Sino-pharm ဆေး   အလုံး  ၃၀၆  လုံး၊ ဆေးတစ်လုံးလျှင်    နှစ်ယောက် ထိုးနိုင်သော     Sinovac  ဆေး ၄၀၀၀၊   ဆေးတစ်လုံးလျှင်  (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး  ၄၅၄၆  လုံး၊    ပဲခူးမြို့သို့  ဆေးတစ်လုံးလျှင်   ငါးယောက် ထိုးနိုင်သော Sinopharm ဆေး ၁၀၁၅ လုံး၊     ဆေးတစ်လုံးလျှင် နှစ်ယောက်ထိုးနိုင်သော Sinovac ဆေး ၉၅၉၂၈ လုံး၊  ဆေးတစ်လုံး လျှင် (၁၁) ယောက်ထိုးနိုင်သော Covishield  ဆေး     ၁၃၉၁၀၊ ပြည်မြို့သို့      ဆေးတစ်လုံးလျှင် ငါးယောက်ထိုးနိုင်သော   Sino-pharm ဆေး ၁၀၁၅ လုံး၊  ဆေး တစ်လုံးလျှင်  နှစ်ယောက်  ထိုးနိုင် သော Sinovac ဆေး ၅၄၀၇၂ လုံး၊ ဆေးတစ်လုံးလျှင် (၁၁) ယောက် ထိုးနိုင်သော  Covishield ဆေး ၉၂၇၃ လုံး၊   မကွေးမြို့သို့   ဆေး တစ်လုံးလျှင် ငါးယောက်ထိုးနိုင် သော Sinopharm ဆေး ၈၉၆လုံး၊ ဆေးတစ်လုံးလျှင်     နှစ်ယောက် ထိုးနိုင်သော     Sinovac   ဆေး ၁၁၉၂၅  လုံး၊   ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covi-shield   ဆေး   ၉၀၉၁  လုံးတို့ကို Cold    Chain   Delivery   Logis- tics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိ သူများက  လက်ခံရယူကြောင်း နှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်