တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

နေပြည်တော်  ဩဂုတ်  ၆


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ      ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊     ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌   ပြစ်ဒဏ် ကျခံနေသည့်       အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ဆေးနှင့်ဆေးပစ္စည်းများ ကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူ    ပို့ဆောင်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်      ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ  မြို့နယ် ပေါင်း ခုနစ်မြို့နယ်မှ  သံဃာတော် များ၊ သာသနာ့နွယ်ဝင် သီလရှင် များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်ပြည်သူစုစုပေါင်း ၃၈၃၈ ဦးကို   လည်း ကောင်း၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်တို့မှ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူစုစု ပေါင်း၂၂၅၇၀ တို့ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်ပေါင်း   ရှစ်မြို့နယ်မှ အသက်    ၆၅  နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊   သံဃာ တော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၄၁၀၂ ဦးတို့ကို လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပေါင်း လေးမြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊  သံဃာတော်များ၊   ဒေသခံ ပြည်သူများနှင့်   အကျဉ်းသား၊ အကျဉ်းသူ  စုစုပေါင်း  ၈၀၀  နှင့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတွင် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီအဖွဲ့ဝင်များနှင့် အသက် ၆၅ နှစ်နှင့်အထက် ဘိုး ဘွားများ၊ ဌာနဆိုင်ရာနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊    စေတနာ့ ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာ ရေးဝန်ထမ်းများ စုစုပေါင်း ၅၀၀ တို့ကို လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပေါင်း ၂၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊   ဒေသခံ ပြည်သူများနှင့်  အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၇၄၆ ဦး တို့ကို လည်းကောင်း၊    ရခိုင် ပြည်နယ်နှင့်      ချင်းပြည်နယ် အတွင်းရှိ   မြို့နယ်ပေါင်း   ၁၈ မြို့နယ်မှ အသက်   ၆၅  နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၈၂၄၄ ဦးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး   အရာတော်မြို့ရှိ အသက်  ၆၅ နှစ်နှင့်အထက်   သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၀၃၀ တို့ကိုလည်းကောင်း၊   မန္တလေး တိုင်းဒေသကြီးအတွင်း     ခရိုင် ခုနစ်ခုရှိ မြို့နယ်များမှ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များနှင့် တိုင်းရင်းသားပြည်သူစုစု ပေါင်း ၉၅၉၆ ဦးတို့ကို   လည်း ကောင်း၊   ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုနှင့် ကရင် ပြည်နယ် သံတောင်ကြီး မြို့နယ် တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊   သံဃာ တော်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၉၇၁၂ ဦးတို့ကိုလည်းကောင်း တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊    သက်ဆိုင် ရာ  ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ    ဆောင်ရွက်ပေးကြသည်။


သတင်းစဉ်