တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   မတ်    ၂၄


တိုင်းဒေသကြီးနှင့်   ပြည်နယ် တို့၌         သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး   အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား   လက်နက်ကိုင် အဖွဲ့များ၊   နာတာရှည်ရောဂါအခံ ရှိသူများ၊   ကယ်ဆယ်ရေးစခန်း များ၊   ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ        ပြည်သူများ၊ အသက်   ၁၂  နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့်   အထက် တန်းအဆင့်      ကျောင်းသား ကျောင်းသူများ   စသည့် ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော် မှ    ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊    သူနာပြု များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း     လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်       မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၉၁၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၄၉၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ  ၈၇၉၁  ဦး၊  ရခိုင် ပြည်နယ်အတွင်းရှိ     မြို့နယ် ရှစ်မြို့နယ်တို့၌   ဒေသခံပြည်သူ ၁၅၂၂၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ ဒေသခံပြည်သူ ၂၉၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၅၈၀၂၆ ဦးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ထန်းတပင်မြို့နှင့် ပဲခူးမြို့နယ်တို့၌ သံဃာတော်များ နှင့် ဒေသခံပြည်သူ ၅၁၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များမှ  တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်