တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   အောက်တိုဘာ   ၂၈


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊  အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်း ရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊  ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သူနာပြုများ၊  ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့ များ၌ ဒေသခံပြည်သူ ၁၂၂၅ ဦး၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အတွင်းရှိ မြို့နယ်  ခြောက်မြို့နယ်၌ ဒေသခံ ပြည်သူ ၂၄၅၆ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်၌ ဒေသခံပြည်သူ ၁၃၅၉၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်နှင့် ထားဝယ်မြို့နယ်တို့၌   ဒေသခံပြည်သူ  ၃၈၆၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်မြို့နယ်တို့၌ ဒေသခံပြည်သူ ၉၅၆၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ   မြို့နယ်   ၂၆ မြို့နယ်၌   ဒေသခံပြည်သူ ၃၀၁၉၇ ဦး၊  ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ် ၁၁ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၈၄၆၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် တို့၌ ဒေသခံပြည်သူ ၇၈၀၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၈၃၄၅ ဦးနှင့် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်၌ ဒေသခံ ပြည်သူ ၈၀၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများ စာသင် နှစ်တစ်နှစ် နစ်နာမှုမရှိစေရေးအတွက် အခြေခံပညာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်း များဖွင့်လှစ်စဉ် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ် ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးတို့အတွက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့ နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၂၂၂ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ကျောင်းသား  ကျောင်းသူ ၃၂၁၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ ဆားလင်းကြီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၃၉ ဦး၊   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ခုနစ်ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၇၈၂၀နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ ကျောင်း သား   ကျောင်းသူ ၄၄၂ ဦးတို့ကို   တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်