တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော်    ဩဂုတ်    ၂၃


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်  ဆေးနှင့်  ဆေးပစ္စည်းများကို  တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့်   ကာကွယ်ဆေးထိုးနှံပေးခြင်းများကို   ဝိုင်းဝန်းကြိုးပမ်း   ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်      နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)  မြို့နယ် များအတွင်းရှိ သံဃာတော်များ၊ ၆၅    နှစ်နှင့်အထက်    သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူ စုစုပေါင်း ၁၄၄၄ ဦးတို့ကိုလည်းကောင်း၊     (ယာပုံ)ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်    ၁၁ မြို့နယ်အတွင်းမှ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊     ၆၅     နှစ်နှင့်အထက်   သက်ကြီးဘိုးဘွားများ၊ စေတနာ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၄၆၁ ဦးတို့ကိုလည်းကောင်း၊   စစ်ကိုင်း တိုင်းဒေသကြီး    ခန္တီးမြို့နယ် အတွင်းရှိ    ၆၅  နှစ်နှင့်အထက်    သက်ကြီးဘိုးဘွားများ၊    ဌာန ဆိုင်ရာဝန်ထမ်းများနှင့်   ပြည်သူ စုစုပေါင်း   ၄၅၀ တို့ကိုလည်း ကောင်း၊     မန္တလေးတိုင်းဒေသကြီး အတွင်းရှိ   ခရိုင်   ခြောက်ခုတို့မှ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ သာသနာ့နွယ်ဝင်သီလရှင် များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့်  ပြည်သူ စုစုပေါင်း ၇၇၅၁   ဦးတို့ကို   လည်းကောင်း တပ်မတော်မှ ဆေး  အဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သက်ဆိုင်ရာ     ကျန်းမာရေး           ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်   ပူးပေါင်း၍   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်   တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု     အားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
  သတင်းစဉ်