တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် စက်တင်ဘာ  ၈


တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊   ဘာသာမရွေး အသက်   ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊   တိုင်းရင်း သားပြည်သူများနှင့်  အကျဉ်းထောင်များ၌   ပြစ်ဒဏ်ကျခံနေသည့်  အကျဉ်းသား၊  အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး   ထိုးနှံနိုင်ရေးအတွက်   ဆေးနှင့်ဆေးပစ္စည်းများကို   တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို   ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။


ကာကွယ်ဆေးများ ထိုးနှံပေး


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်      ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ(အပေါ်ပုံ)၊ ၆၅ နှစ်နှင့်အထက်   သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၄၄၇ ဦးတို့ကို လည်းကောင်း၊   ရှမ်းပြည်နယ် (မြောက်ပိုင်း)   နမ့်ဆန်မြို့နှင့် ကျောက်မဲမြို့များအတွင်းရှိ ထေရ် ကြီးဝါကြီး  ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက်   သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့်   ပြည်သူစုစုပေါင်း ၉၅ ဦး တို့ကိုလည်းကောင်း၊       ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ ၆၅ နှစ်နှင့် အထက်  သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ      ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၀၁၈ ဦးတို့ကို လည်းကောင်း၊  တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ် သုံး မြို့နယ်မှ       ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက်   သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၅၉၇ ဦးတို့ကို လည်းကောင်း၊  ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်  သုံးမြို့နယ် မှ ၆၅ နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၇၅၉ဦး တို့ကိုလည်းကောင်း၊    ဧရာဝတီ   တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ  သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက်    သက်ကြီး ဘိုးဘွားများ၊  စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၅၇၅၅ ဦးတို့ကို လည်းကောင်း၊   ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့်  ကျောက်ဖြူ မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီလူမျိုး ၁၁၅၅ ဦး၊  ရခိုင်ပြည်နယ်နှင့်    ချင်း ပြည်နယ်အတွင်းရှိ       မြို့နယ်   ကိုးမြို့နယ်မှ    သံဃာတော်များ၊ စေတနာ့ဝန်ထမ်းများ၊      ဌာန ဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့်  ဒေသခံပြည်သူ စုစုပေါင်း ၄၅၈၇ ဦးတို့ကို လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့်   ဆားလင်းကြီး မြို့နယ်အတွင်းရှိ  သံဃာတော် များ၊   သာသနာ့နွယ်ဝင်သီလရှင် များ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ  ပြည်သူစုစုပေါင်း ၂၈၃ ဦးတို့ကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ  ခရိုင် ခုနစ်ခုတို့မှ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၀၅၄၆ ဦးတို့ကို လည်းကောင်း    တပ်မတော်မှ ဆေးအဖွဲ့များက    ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး      ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ် ဆေးထိုးနှံပေးခြင်းများ   ဆောင် ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးကြသည်။
ပြောကြားချက်များ
ထိုသို့  ကာကွယ်ဆေးထိုးနှံပေး နေမှုများနှင့်  ပတ်သက်၍   ရခိုင် ပြည်နယ်  စစ်တွေမြို့နယ် ကယ် ဆယ်ရေးစခန်းများမှ    ဘင်္ဂါလီ လူမျိုးများ၏    ပြောကြားချက် များကို   ယခုကဲ့သို့ သိရှိရသည်။


ကျွန်တော်က သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းက  အဒူမာန် ဂျက်ဖြစ်ပါတယ်။ ကျွန်တော်တို့   ဒီကိုဗစ်-၁၉  ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး   မမျှော်လင့်ဘဲနဲ့ ကျွန်တော်တို့  ကယ်ဆယ်ရေး စခန်းမှာ လာထိုးပေးတဲ့အတွက်      အထူးဝမ်းသာပါတယ်။ နောက် နောင်လည်း     ကာကွယ်ဆေး လာထိုးပေးနိုင်ဖို့    မျှော်လင့် ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ      အကြီးအကဲများ၊ ကျန်းမာရေး  ဝန်ထမ်းများနှင့် တပ်မတော်ကို   အထူးကျေးဇူး တင်ပါတယ်။
ကျွန်တော်ကတော့ စစ်တွေ မြို့ပေါ်မှာနေတဲ့   ဦးရွှေလှ ဖြစ်ပါ တယ်။ ကျွန်တော်က   ဘင်္ဂါလီ တွေရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါ တယ်။   ကျွန်တော်ကတော့  ဒီလို ကာကွယ်ဆေးတွေကို ထိုးရမယ် လို့  ကျွန်တော်  မထင်ခဲ့ပါ။  အခု ကတော့ ကျွန်တော်တို့  ကယ်ဆယ် ရေး စခန်းတွေကို     လာပြီးတော့   ဆေးထိုးပေးတဲ့အတွက်   အများ ကြီး     ကျေးဇူးတင်ရှိပါတယ်။      နောင်ကိုလည်း   ဒီလိုဆေးတွေကို နောက်တစ်ကြိမ်လည်း ထိုးရမယ် လို့  မျှော်လင့်ချက် အပြည့်အဝနဲ့ နိုင်ငံတော်  အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။


ကျွန်မကတော့ သက္ကယ်ပြင် ကယ်ဆယ်ရေး  စခန်းအသစ်၊ အဆောင် (၇၆)၊  အခန်း(၇)က ဒေါ်ခင်ဌေး ဖြစ်ပါတယ်။ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရတဲ့အတွက် ကျေးဇူးတင်ထိုက်တဲ့  သူတွေကို  ကျေးဇူးတင်ပါတယ်။ နောက်ထပ်   ထိုးခွင့်ရဖို့အတွက်  မျှော်လင့်နေရ ပါတယ်။              
   

သတင်းစဉ်