တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

 

နေပြည်တော်   မတ်   ၁၉


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုး မရွေး ဘာသာမရွေး  အသက် ၄၀  အထက်  ဒေသခံပြည်သူများ၊ အကျဉ်းသား၊  အကျဉ်းသူများ၊   မသန်စွမ်းသူများ၊    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား  ကျောင်းသူများ  စသည့်ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ   ဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၌  ဒေသခံပြည်သူ  ၃၃၀၊   ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၉၃၅၁ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ ဒေသခံ ပြည်သူ ၁၂၆၁၀ နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၇၆၂၀ တို့ရှိ တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်