တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရလှေလှော် အားကစားအဖွဲ့နှင့်အားကစားနည်းအလိုက် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော် မတ်  ၁၉
၂၀၂၁-၂၀၂၂  ခုနှစ်    တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ၌  တံခွန်စိုက် ဆုရ       လှေလှော်အားကစားအဖွဲ့နှင့် အားကစားနည်းအလိုက်     ဆုရရှိသူများ ကို   ဂုဏ်ပြုချီးမြှင့်ပွဲကို   ယနေ့နံနက် ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး  အစိုးရ အဖွဲ့ရုံး     မင်္ဂလာခန်းမ၌     ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးစိုးသိန်း၊      ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး      ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး        အားကစား နှင့်         ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ်   ဦးဌေးအောင်၊    တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီး များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ် က    ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းဒေသကြီးအားကစားနှင့်    ကာယ ပညာကော်မတီ  ဥက္ကဋ္ဌ   တိုင်းဒေသကြီး ဥပဒေချုပ်က      အောင်ပွဲရအားကစား အဖွဲ့များနှင့်ပတ်သက်၍      ရှင်းလင်း တင်ပြသည်။
ထို့နောက်      ၂၀၂၁-၂၀၂၂    ခုနှစ် တိုင်းဒေသကြီးနှင့်   ပြည်နယ်လှေလှော် ပြိုင်ပွဲတွင်    တံခွန်စိုက်ဆုရ    လှေလှော် အားကစားအဖွဲ့က တိုင်းဒေသကြီးဝန်ကြီး ချုပ်ထံ ဆုဖလားအပ်နှံသည်။  (အပေါ်ပုံ)ယင်းနောက်   တိုင်းဒေသကြီး    ဝန်ကြီး ချုပ်၊    တိုင်းမှူးနှင့်  တာဝန်ရှိသူများက အောင်ပွဲရ     အားကစားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ချီးမြှင့် ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်