တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲများပြုလုပ်

 

နေပြည်တော်   အောက်တိုဘာ   ၂၈


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်နှင့် မိုင်းရှူးမြို့နယ်၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် သန်လျင်မြို့နယ်၊ ဧရာဝတီတိုင်း  ဒေသကြီး ဟင်္သာတမြို့နှင့် အိမ်မဲမြို့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊  ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နှင့် ကျောက်ကြီးမြို့တို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 


ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာသာသနာကို စောင့် ရှောက်သော မြန်မာ့တပ်မတော် အား  ထောက်ခံပါသည်၊   NUG ၊ CRPH ၊ PDF အကြမ်းဖက်သမား အလိုမရှိ၊   NUG ၊ CRPH ၊ PDF အကြမ်းဖက်     လုပ်ရပ်များအား  ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲ ရေး   ဒို့အရေး၊   တိုင်းရင်းသား စည်းလုံးညီညွတ်မှု  မပြိုကွဲရေး  ဒို့အရေး၊   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပ အားကိုး ပုဆိန်ရိုးများအား ဆန့်ကျင် ကြ၊ မြန်မာ့ပြည်တွင်းရေး  ပြည်ပ စွက်ဖက်မှုအလိုမရှိ၊    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလုပ်ငန်း စဉ်(၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ  အရေခြုံ  ကွန်မြူနစ် လုပ်ရပ်ကျဆုံးပါစေ၊ NUG ၊ PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG၊ PDF   အကြမ်းဖက်မှုတွေ  မြင် အောင်ကြည့်၊   NUG ၊ PDF  ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှု    ချက်ချင်းရပ် ’’ စသည့်စာသားပါ ဆိုင်းဘုတ်များ      ကိုင်ဆောင်     ကြွေးကြော်ခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်