
နေပြည်တော် မေ ၅
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ယနေ့တွင် နေပြည် တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ ခရိုင်မီးသတ်စခန်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း အားကစားကွင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်မီးသတ် ဦးစီးဌာနမှူးရုံး၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မီးသတ်ဦးစီးမှူး ရုံး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မီးသတ်ဦးစီးမှူးရုံးနှင့် ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတို့၌ ပြုလုပ်ကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူများနှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များက (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမိန့်ခွန်းများ အသီးသီးပြောကြားကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက စံပြမီးသတ်စခန်း ဆု၊ သင်တန်းထူးချွန်ဆု၊ မီးသတ်ကျင့်ဝတ်ဆုရရှိကြသည့် မီးသတ် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် အလှူငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပြခန်းများတွင် ခင်းကျင်းပြသထား သည့် မီးသတ်ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုကြပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတ်စက်၊ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသမှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်