
နေပြည်တော် ဇူလှိုင် ၃၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့့် အားကစားဝန်ကြီး ဌာနပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနက တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM နှင့် SINOVAC ဆေးနှစ်မျိုးကို ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက်မှ မြေပြင်ခရီးလမ်း ကြောင်းဖြင့် ဖြန့်ဖြူးပေးခဲ့သည်။
ထိုသို့ ဖြန့်ဖြူးပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးသို့ ကာကွယ် ဆေးအလုံးပေါင်း ၄၄၀၀၀၊ မန္တလေးတိုင်း ဒေသကြီးသို့ ကာကွယ်ဆေး အလုံးပေါင်း ၄၄၀၀၀၊ နေပြည်တော်ကောင်စီနယ်မြေအတွက်ကာကွယ်ဆေး အလုံးပေါင်း ၁၁၀၀၀ ၊ ပဲခူးတိုင်း ဒေသကြီးသို့ ကာကွယ်ဆေး အလုံးပေါင်း ၁၂၀၀၀ ၊ ရှမ်းပြည် နယ် (မြောက်ပိုင်း) တောင်ကြီးသို့ ကာကွယ်ဆေး အလုံးပေါင်း ၁၃၆၀၀ တို့ကို မြေပြင်ခရီးလမ်း ကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ၊ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူ များသို့အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ရာ ယင်းအတွက် သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း အချိန်နှင့်တစ်ပြေးညီဖြန့်ဖြူးပေးခြင်း ဖြစ်သည်။ အလားတူ ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေး လေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့၏ အကူ အညီများရယူကာ လေကြောင်း ခရီးများဖြင့်လည်း ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်