
နေပြည်တော် အောက်တိုဘာ ၂၈
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်မှု ကို အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီတွင်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့၏ယှဉ်ပြိုင်မှုကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီတို့တွင်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ကို နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီတွင်လည်း ကောင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါ အကြိုဗိုလ်လုပွဲ ဘောလုံးပွဲစဉ်များအား အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက် မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV - HD နှင့် MRTV Sports Channel တို့တွင် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV - HD ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့တွင် လည်းကောင်း တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်