တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက်  အမျိုးသမီးဘောလုံးပြိုင်ပွဲ  မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်

 

 

နေပြည်တော်    ဇန်နဝါရီ    ၁၈
၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်   ပြည်နယ်  အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို   နေပြည်တော်  ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ပြုလုပ်လျက်ရှိရာ  ဇန်နဝါရီ  ၁၉  ရက် (ယနေ့) ညနေ ၃ နာရီတွင် အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့်   ရှမ်းပြည်နယ်အသင်းတို့၏  ပွဲစဉ်ကိုလည်း ကောင်း၊ ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် တတိယနေရာလုပွဲကို လည်းကောင်း၊  ယင်းနေ့ ညနေ ၃ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကိုလည်းကောင်း ကျင်းပမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲများကို MRTV Sports Channel မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဗိုလ်လုပွဲကို မြန်မာ့ရုပ်မြင်သံကြား(MRTV HD) နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှလည်း တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။           သတင်းစဉ်