တိုက်ကြီးမြို့နယ်နှင့် သုံးခွမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅


ရန်ကုန်တိုင်းဒေသကြီး   တိုက်ကြီးမြို့နယ် ကတိုင်စိန်ကျေးရွာ၊  သုံးခွမြို့နယ် သိုက်တူး ကန် စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ  သံဃာတော်များနှင့်   ဒေသခံပြည်သူ များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့များက  ယနေ့နံနက်ပိုင်း တွင်   သတ်မှတ်နေရာအသီးသီး၌     ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် ပေးသည်။


ထိုသို့  ဆောင်ရွက်ပေးရာတွင်  နယ်မြေခံ ဆေးကုသရေးအဖွဲ့များက   သွားနှင့်  ခံတွင်း ရောဂါ၊    မျက်စိရောဂါ၊   သားဖွားမီးယပ် ရောဂါ၊  အရိုးအကြောရောဂါ၊  နား၊   နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်   ပတ်သက်၍   သံဃာတော် သုံးပါးနှင့်   ဒေသခံပြည်သူ   ၄၄၅   ဦးတို့ကို လိုအပ်သည့်    ကျန်းမာရေးစစ်ဆေးကုသ ခြင်းများ     ဆောင်ရွက်ပေးခြင်း၊      EGC ၊ Ultrasound  စက်တို့ဖြင့်  ရောဂါရှာဖွေပေး ခြင်းများ ဆောင်ရွက်ပေးသည်။


ယင်းသို့     ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ   တပ်နယ်များမှ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ် သည်များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်