တိုက်ကြီးမြို့နယ်၌ လျှပ်စစ်ဒယ်နီအိုး ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော်  ဖေဖော်ဝါရီ  ၂
ရန်ကုန်တိုင်းဒေသကြီး   တိုက်ကြီးမြို့နယ်၌ ဖေဖော်ဝါရီ  ၁  ရက်က  လျှပ်စစ်ဒယ်နီအိုး ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် တိုက်ကြီးမြို့နယ် အိုးတန်း ရပ်ကွက်      ရန်ကုန်-ပြည်    ကားလမ်းဘေးရှိ ဦးသောင်းညွန့်၏   ခြံဝင်းအတွင်း မီးလောင်  နေကြောင်း   သတင်းအရ    တိုက်ကြီးမြို့မ ရဲစခန်းမှ    တပ်ဖွဲ့ဝင်များ၊   မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့က   မီးသတ်ယာဉ်   သုံးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ခြောက်မိနစ်ခန့် အကြာတွင်    မီးငြိမ်းသွားခဲ့ပြီး    ဖြစ်စဉ်ကို   စိစစ်ရာ ဦးသောင်းညွန့်၏  ခြံဝင်းအတွင်း ခြံစောင့်လုပ်ကိုင်နေသော   ဟန်လင်းအောင် (၅၈)နှစ်သည်   ၎င်းနေထိုင်သည့်    ဓနိမိုး၊ မြေစိုက်ဝါးတဲ၌      လျှပ်စစ်ဒယ်နီအိုးကို  မီးပလတ်မဖြုတ်ဘဲ ထားရှိခဲ့ရာမှ ဝိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့်     မီးလောင်မှုကြောင့်     အဆိုပါတဲမှာ မီးလောင်ပျက်စီး   ဆုံးရှုံးခဲ့သဖြင့်   ဟန်လင်း အောင်   အား   တိုက်ကြီးမြို့မရဲစခန်းက  အမှုဖွင့်အရေးယူထားကြောင်း    သတင်းရရှိ သည်။
ရဲပြန်ကြား