တိုက်ကြီးမြို့နယ်၌ ဆိုင်ကယ်က မော်တော်ယာဉ်ကို တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

 

နေပြည်တော်   ဧပြီ   ၁၅


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်၌   ဧပြီ   ၁၄  ရက်က ဆိုင်ကယ်က မော်တော်ယာဉ်ကို တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင် သူ   သေဆုံးသွားခဲ့ကြောင်း  သိရ သည်။

 


ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် ညနေ ၅ နာရီခွဲတွင် တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာနေ အောင် ဇော်မြင့် (၄၄) နှစ်သည်  ရင်းတိုင် ကွင်းကျေးရွာအနီးရှိ  ခေတ်ဇုန် စားသောက်ဆိုင်မှ  ဆိုင်ကယ်ကို ရန်ကုန် - ပြည်  ကားလမ်းပေါ်သို့ မောင်းထွက်စဉ်           အဆိုပါ လမ်းအတိုင်း      မြောက်ဘက်မှ  တောင်ဘက်သို့  လောက်လေး ချောင်းကျေးရွာနေ ကျော်မျိုးဝင်း (၃၉)နှစ်      မောင်းနှင်လာသည့် 5G-xxxx SKAT Truck မော်တော် ယာဉ်ကို            ဝင်တိုက်မိသဖြင့် အောင်ဇော်မြင့်တွင်  ဒဏ်ရာများ ရရှိကာ   သေဆုံးသွားခဲ့သော ကြောင့်        အောင်ဇော်မြင့်အား တိုက်ကြီးမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း   သိရ သည်။


ရဲပြန်ကြား