
တိုကျို ဇူလိုင် ၁၈
တိုကျို အိုလံပစ်ကျေးရွာတွင် ရောက်ရှိနေကြသည့် အားကစား သမားများတွင် ကိုဗစ်-၁၉ ကူးစက် မှုကို ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိလာရသည်ဟု တိုကျို အိုလံပစ်အဖွဲ့ကော်မတီက ပြော သည်။
အိုလံပစ်နှင့် ဆက်စပ်ကာ နိုင်ငံခြားမှရောက်လာသည့် ၁၀ ဦး တွင် နှစ်ဦးမှာ အိုလံပစ်ကျေးရွာ တွင် နေထိုင်သည့် အားကစား သမားများဖြစ်ပြီး အခြား အားကစားသမားမှာမူ အိုလံပစ် ကျေးရွာတွင် နေထိုင်ခြင်းမရှိဟု သိရသည်။ အဆိုပါအဖွဲ့တွင် ကိုဗစ် -၁၉ ကူးစက်မှု တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မည်မျှကူးစက်ခံရသည်နှင့် ကူးစက်ခံရသည့် အားကစား သမားများမှာ မည်သည့်နိုင်ငံက ဖြစ်သည်ကိုမူ အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ၎င်း တို့၏ လက်ရှိ ကျန်းမာရေး အခြေအနေကိုလည်း မသိရ သေးပေ။ ဂျပန်နိုင်ငံသည် ပြည်ပမှ လာရောက်ကြည့်ရှုမည့် ပရိသတ် များကို တားမြစ်ထားပြီး အားကစား သမားများ၊ အုပ်ချုပ်သူများနှင့် အားကစားပွဲကို ဖော်ပြမည့် မီဒီယာသမားများကိုသာ ပြည်ဝင် ခွင့်ပေးထားသည် ။
တိုကျို အိုလံပစ်အားကစား ကျေးရွာတွင် အဆောက်အအုံ ၂၁ လုံး၊ အိပ်ခန်းပေါင်း ၁၈၀၀၀ နှင့် အခန်းပေါင်း ၃၆၀၀ ကို ပြင်ဆင်ထားခဲ့သည်။
ကျိုဒို