တိရစ္ဆာန်အစာများတွင် တားမြစ်ပဋိဇီဝဆေးများထည့်သွင်းမှု ရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေး

 

ရန်ကုန်    မေ    ၂၉


ရန်ကုန်မြို့ အင်းစိန်မြို့နယ်   မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာန၊   တိရစ္ဆာန်အစာနှင့်ဆေးဝါးသုတေသန ဌာနစိတ်တွင် တိရစ္ဆာန်အစာနှင့် ဆေးဝါးများ တင်သွင်း၊ တင်ပို့၊   ရောင်းဝယ်သုံးစွဲရာ၌   အရည်အသွေး စစ်ဆေးမှုကို   ဓာတ်ခွဲစမ်းသပ်စစ်ဆေးလျက်ရှိရာ    တိရစ္ဆာန်အစာများတွင်   တားမြစ်ပဋိဇီဝဆေးများ ထည့်သွင်းမှုကို စနစ်တကျထိရောက်စွာ  စောင့်ကြည့်စစ်ဆေးမှုကို  စီမံချက်နှင့်အညီ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

 


ကောင်းမွန်သော   တိရစ္ဆာန် မွေးမြူရေးကျင့်စဉ်တွင်     အစာ သည် အရေးပါပြီး တားမြစ်ပဋိဇီဝ ဆေးဝါးများ၊     မှိုအဆိပ်များ၊ တိရစ္ဆာန်များ   သောက်သုံးသော ရေအတွင်း ရွှေတူးဖော်မှုနှင့် စိုက်ပျိုး ရေးသုံး ဓာတ်မြေဩဇာသုံးစွဲရာမှ    ထွက်ပေါ်လာသော ရေနှင့် အစာ တို့ကို   စားသောက်သော   မွေးမြူ ရေး  တိရစ္ဆာန်များကို   ပြန်လည် စားသုံးရာ၌ လူ့ခန္ဓာကိုယ်အတွင်း သို့ ပိုးသတ်ဆေးဓာတ်ကြွင်းများဝင်ရောက်စုမိရာမှ ရောဂါရရှိတတ် သောကြောင့်  တိရစ္ဆာန်အစာနှင့် သုတေသနဌာနစိတ်(Veterinary Assay Laboratory) က  ဓာတ် ကြွင်းပစ္စည်းများကင်းစင်သော ဥ၊ နို့၊ အသားတို့ကို စားသုံးနိုင်ခြင်းဖြင့် ပြည်သူ့ကျန်းမာရေးကို အထောက် အကူဖြစ်စေရန် ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်လျက်ရှိ သည်။

 


“တိရစ္ဆာန်အစာနဲ့ အသား၊ ဥ၊ နို့မှာ       တားမြစ်ပဋိဇီဝဆေးဝါး သုံးစွဲမှု   ရှိ/မရှိကို စီမံချက်အတိုင်း ဆောင်ရွက်နေသလို   ညွှန်ကြား ချက်အတိုင်း အစာစက်ရုံကိုခွင့်ပြု ဖို့အတွက်    အစာထုတ်လုပ်မှုမှာတားမြစ်ပဋိဇီဝဆေးဝါးများ ထည့် သွင်းရောစပ်ပြီး    ထုတ်လုပ်မှု ရှိ/မရှိ  ကိုလည်း   စစ်ဆေးပါတယ်။ နို့စားနွား၊ ဝက်၊ ကြက်၊ ဘဲ၊ ငုံး စတဲ့ မွေးမြူမှုမှာလည်း တားမြစ်ထား တဲ့ ပဋိဇီဝဆေးဝါးများသုံးစွဲမှု ရှိ/ မရှိကိုလည်း    စဉ်ဆက်မပြတ် စစ်ဆေးပြီး ကောင်းမွန်တဲ့မွေးမြူ ရေးကျင့်စဉ်ကို     လိုက်နာမှုဟာ သန့်ရှင်းပြီး ရောဂါကင်းတဲ့အစား အစာကိုစားသုံးတဲ့   ပြည်သူတွေ အတွက် အမျိုးသားကျန်းမာရေး ကို  အထောက်အပံ့   ဖြစ်စေတာ ကြောင့် မွေးမြူရေးခြံများနဲ့ စက်ရုံ များမှာလည်း စစ်ဆေးဆောင်ရွက် ပြီး   တိရစ္ဆာန်အစာနဲ့   ဆေးဝါး သုတေသန    ဌာနစိတ်မှာလည်း  ချမှတ်ထားတဲ့    စီမံချက်နဲ့အညီ ဓာတ်ခွဲစစ်ဆေးမှုကို ဆောင်ရွက် နေပါတယ်” ဟု    အင်းစိန်မြို့နယ်  တိရစ္ဆာန်အစာနှင့်ဆေးဝါးသုတေ သနဌာနစိတ်မှ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာ  မိုးမိုးသိန်းက ပြောသည်။

 


တိရစ္ဆာန်အစာနှင့်  ဆေးဝါး သုတေသနဌာနစိတ်   အနေဖြင့် တိရစ္ဆာန်အစာ၊ ကာကွယ်ဆေးနှင့် ကုသဆေးဝါးတို့ကို ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်လျက်ရှိရာ တိရစ္ဆာန် အစာများတွင်     အာဟာရတန်ဖိုး နှင့်  အဆိပ်အတောက်ပါဝင်မှုကို လည်းကောင်း၊ ကုသဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများ၊ ဗီတာမင် နှင့်သတ္တုဓာတ်များ ပိုးသတ်ဆေး များကို လည်းကောင်း၊ ပြည်တွင်း/ပြည်ပထုတ်  တိရစ္ဆာန်ကာကွယ် ဆေးများကို     လည်းကောင်း၊ ဆေးစမ်းတိရစ္ဆာန်ငယ်များ မွေးမြူ ထိန်းသိမ်းခြင်းကို လည်းကောင်း၊ FAO Project ဖြစ်သော ကြက်ဥ တွင်   ပဋိဇီဝကင်းစင်မှု    ရှိ/မရှိ စစ်ဆေးခြင်းကို  လည်းကောင်း၊ IAEA နှင့်FAO ၊ နိုင်ငံတော်အစိုးရ အထောက်အပံ့ဖြင့်       တိရစ္ဆာန် အစာ မှ           ပဋိဇီဝဆေးဝါးရောစပ် ခြင်း ရှိ/ မရှိ၊     ဓာတ်ကြွင်းပါဝင်မှု     ရှိ / မရှိ       တို့ကိုလည်းကောင်း      ဓာတ်ခွဲ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

 


တိရစ္ဆာန်အစာများတွင် တား မြစ်ပဋိဇီဝဆေးဝါးများ     အသုံး ပြုမှု   စောင့်ကြည့်စစ်ဆေးရေး စီမံချက်ကို စနစ်တကျထိရောက် စွာ အကောင်အထည်ဖော်  ဆောင် ရွက်နိုင်ရန်      ၂၀၂၀   ပြည့်နှစ် ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ အထိ တစ်နှစ်တာဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ၂၀၂၂ ခုနှစ်  နှစ်ဆန်း ပိုင်းမှစ၍ စောင့်ကြည့်စစ်ဆေး ခြင်းနှင့်   ဥ၊ နို့၊   အသားတို့တွင်  ဓာတ်ကြွင်းပစ္စည်းများပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို စီမံချက် ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်) 
ဓာတ်ပုံ - ကနူး