တိရစ္ဆာန်အစာအတွက် နေဗီယာမြက်

 

 ကောင်းပြည့်လွင်
 

မြန်မာနိုင်ငံတွင် ကျွဲ၊ နွား တိရစ္ဆာန်များ အတွက်   မြက်စိုက်ပျိုးမှုမှာ   လွန်စွာမှ ရှား၏။ မိရိုးဖလာစိုက်ပျိုးရေးဘေးထွက် ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပြောင်းဖူး ရိုး၊  ပဲမှော်စသည်ဖြင့်  ကျွေးမွေးကြလေ့ ရှိပါသည်။ နွားစာအတွက်  ပြောင်းရိုး အနည်းငယ်သာ       စိုက်ပျိုးကြလေ့ရှိပါ သည်။ သို့သော် ကျွဲ၊ နွားများ ရှားပါးလာမှု၊ လယ်ယာလုပ်သားများ   နည်းပါးလာမှု တို့ကြောင့် ကျွဲစာ၊ နွားစာစိုက်ပျိုးမှုမှာ တဖြည်းဖြည်း        လျော့နည်းလာသည်။ ထို့ကြောင့်လည်း ကျွဲ၊ နွားမွေးမြူရေးသည် အောင်မြင်သင့်သလောက်  မအောင်မြင်ဘဲ ဖြစ်ခဲ့ရသည်။

 


အထူးသဖြင့်       တောင်သူများအဖို့ မိုးအခါ ကျွဲစာ၊ နွားစာ မခက်သော်လည်း နွေရောက်ပြီဆိုလျှင် ကျွဲစာ၊  နွားစာရှာရ သည့်ဒုက္ခသည် မသေးလှ။  လူစာထက် နွားစာပိုခက်သည်ဟု         တောင်သူတို့ ငြီးငြူပြောဆိုလေ့ရှိကြသည်။ နောက်ဆုံး နွားစာရှာမရသည့်အဆုံး    စိမ်းစိမ်းစိုစို သစ်ပင်များတွေ့လျှင်   သစ်ကိုင်းများကို ဓားနှင့်ချိုင်၍ကျွေးသည်။   ချောင်းနံဘေး မြက်ခါးပင်ဥများကိုပင် ပေါက်ပြားနှင့် ပေါက်  ကျွေးကြရသည်။   အထက်အညာ မိုးခေါင်ရေရှားဒေသများ၌        နွေရာသီ နွားစာခက်ခဲမှုသည်    ပြောစမှတ်ပြုရ လောက်အောင်ပင် ခက်ခဲသည်။

 


ယခုတလော တိရစ္ဆာန်အစာအတွက် နေဗီယာမြက်စိုက်ပျိုးရေးကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတို့၌ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများ၏ဦးဆောင်မှုဖြင့် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးရေး  ရက်သတ္တပတ် လှုပ်ရှားမှုအစီအစဉ်  ဆောင်ရွက်လျက် ရှိသည်ကို  သတိပြုမိသည်။    ကျွဲ၊ နွား တိရစ္ဆာန်များ     အစာဖူလုံရေးအတွက် အလွန်ကောင်းမွန်သော       ဆောင်ရွက် ချက်ဖြစ်သည်။ နေဗီယာမြက်   (Napier Grass) ကို ကျွဲ၊ နွားတို့အပြင် ကြက်၊ ဝက်၊ သိုး၊ ဆိတ်အစာအဖြစ်လည်း   ကျွေးမွေး နိုင်ကြောင်း သိရသည်။        ထိုမြက်ကို အလေးထားစိုက်ပျိုးကြရန် တိုက်တွန်းရ ခြင်း၏ အဓိကရည်ရွယ်ချက်သည်ကား ကြီးထွားနှုန်းကောင်းခြင်း၊ အသားထွက် နှုန်းကောင်းခြင်း၊ ရောဂါခံနိုင်ရည်ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ အထူး သဖြင့် နွေရာသီကာလတွင်     ကျွဲစာ၊  နွားစာရှားပါးမှုကို    အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်မည်     ဖြစ်ပါသည်။ နေဗီယာမြက်မျိုးသည်  (ပရိုတိန်း)အသားဓာတ်ပေါကြွယ်ဝခြင်းကြောင့်     တိရစ္ဆာန် ကြီးထွားနှုန်း          ကောင်းမွန်စေပါသည်။ စိုက်ပျိုးပြီး ၄၅ ရက်အတွင်း  ရိတ်သိမ်း ကျွေးနိုင်ကြောင်း သိရသည်။     တစ်ကြိမ် စိုက်ပျိုးထားလျှင် ရှစ်နှစ်မှဆယ်နှစ်အထိပြန်စိုက်စရာမလိုဘဲ  ရိတ်သိမ်းကျွေးနိုင် ကြောင်း သိရသည်။ အလွန်ကျေးဇူးများ ပေသည်။ တစ်ခါစိုက်ထားရုံဖြင့်  နွားစာ အတွက် ပူပင်စရာမလိုတော့ပေ။ သို့မဟုတ် လျှင် နွားစာရှာရသည်က တစ်ဒုက္ခ။

 


နေဗီယာမြက်        စိုက်ပျိုးခြင်းသည် တောင်သူတို့အတွက်       တစ်ချက်ခုတ် နှစ်ချက်ပြတ်ဟု ဆိုရပေမည်။ အကြောင်း သည်ကား နွားစာ၊ ကျွဲစာအတွက် စိုက်ပျိုး ရင်း ကြက်နှင့်ဝက်ကိုပါ တွဲဖက်မွေးမြူ လာနိုင်မည်ဖြစ်သည်။ နေဗီယာမြက်ကို နုပ်နုပ်စဉ်း၊ သို့မဟုတ် ချဉ်ဖတ်လုပ်ပြီး ကြက်နှင့်ဝက်ကိုပါ အစာအဖြစ်ကျွေးနိုင် သောကြောင့်  ဖြစ်ပါသည်။    ထို့ပြင် ငါးကို လည်း     ကျွေးနိုင်သောကြောင့် ငါးမွေးမြူ ရေးကိုပါ   တွဲဖက်လုပ်ကိုင်သင့်ပါသည်။ ဆိုရလျှင်   ယခုကဲ့သို့   ကြက်စာစျေး၊ ဝက်စာစျေး ကြီးမြင့်နေသည့်ကာလတွင်     နေဗီယာမြက်သည်     အဓိက ဇာတ်လိုက် ဖြစ်လာပေလိမ့်မည်။ မွေးမြူရေးအတွက် သူမပါလျှင်မပြီးဆိုတာမျိုး  ဖြစ်လာပေ လိမ့်မည်။ ကျွဲ၊   နွားတို့အတွက်လည်း ကျွေးနိုင်သည်။    ကြက်၊ ဝက် ကျွေးလည်း ရသည်။    ငါးကန်အတွက်   အစာတောင့် ပြုလုပ်၍ကျွေးလည်း   အဆင်ပြေသည် ဆိုတော့ကား         မွေးမြူရေးအတွက် အကောင်းဆုံး၊   အလိုအပ်ဆုံးဟု ဆိုရပေမည်။

 


နေဗီယာမြက်ကို      နွေရာသီတွင် တိရစ္ဆာန်များအတွက် အစာရှာရခက်သူ များ၊ ခြံလှောင်စနစ်ဖြင့် မွေးမြူကြသူများ၊ လွှတ်ကျောင်းရန်        အဆင်မပြေသူများ၊ အစာစရိတ်သက်သာချင်သူများ၊ တိရစ္ဆာန် အစာအတွက်   ဆင့်တက်ပြုပြင်လုပ်ငန်း လုပ်ကိုင်ချင်သူများ၊ မွေးမြူရေးလုပ်ငန်း တွင် တိရစ္ဆာန်အစာများ   ရှာရန်ခက်ခဲသူ လုပ်ငန်းရှင်များ နေဗီယာမြက်စိုက်သင့် ပါသည်။ 

 


စိုက်ပျိုးနည်း


မြက်မျိုးများကို   နှစ်စပ်ထွန်ထား သော မြေပေါ်တွင်  ပင်ကြားတန်းကြား သုံးပေနှုန်းခြား၍  ၄၅  ဒီဂရီစောင်းထိုး စိုက်လို့ရကြောင်း၊  သို့မဟုတ် မြေပြင်တွင် စီ၍ မြက်ငုတ်ပေါ်တွင်  မြေပါးပါးဖုံးကာ ပျိုးပြီးမှ ပြန်စိုက်လို့ရကြောင်း၊  စိုက်ပျိုး သောအခါတွင် တခြားမြက်အမျိုးအစား ထက်စာလျှင် မြေအစိုဓာတ် သင့်တင့်မျှတ အောင်၊ ရေမဝပ်အောင်၊ ဂရုစိုက်ပေးသင့် ကြောင်း၊  မြက်မျိုးများကို ရေပေးသွင်း သည့်အခါ    ရေဖျန်းစနစ်    သို့မဟုတ် ရေမြောင်းစနစ်ဖြင့်      သွင်းနိုင်ကြောင်း၊ ရိတ်သိမ်းပြီးချိန်တိုင်း သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာကျွေးပေး၊ မြေဖွ၊ ပေါင်းသင် ပေးမည်ဆိုလျှင်   တစ်ကြိမ် စိုက်ပျိုးရုံနှင့် သက်တမ်းကြာ အသုံးပြုနိုင်ပြီး အပင်ပွား နှုန်းကောင်းသော မြက်စိုက်ခင်းကို   ရရှိ မည်ဖြစ်ကြောင်း    လေ့လာသိရှိရသည်။

 


နေဗီယာမြက် တစ်ဧကစိုက်ပျိုးထား လျှင် နွားအကောင်    ၂၀  ခန့်အတွက် တစ်နှစ်ပတ်လုံးကျွေးရန်  လုံလောက်မှု ရှိကြောင်း၊ ပရိုတိန်းဓာတ်နှင့် အမျှင်ဓာတ် ပါဝင်မှုကြောင့်    ကြီးထွားနှုန်းကောင်း ကြောင်း၊  သာမန်မြက်ထက်  တိရစ္ဆာန် ကြီးထွားမှု သုံးဆ  ပိုမိုမြန်ဆန်ကြောင်း သိရှိရသည်။

 


သို့ပါ၍ မွေးမြူရေးလုပ်ကိုင်နေကြ သော တောင်သူများ၊ မွေးမြူရေးလုပ်ငန်း ရှင်များ၊   တစ်ပိုင်တစ်နိုင်   မွေးမြူရေး လုပ်ကိုင်ကြသူများအနေဖြင့် မိမိတို့၏ ကျွဲ၊  နွားတိရစ္ဆာန်များ   အစာအတွက် အခက်အခဲမဖြစ်ရလေအောင် နေဗီယာ မြက်စိုက်ပျိုးခြင်းကို တွင်ကျယ်ထိရောက် စွာ အလေးအနက်ထား   စိုက်ပျိုးသွား သင့်ပြီဖြစ်ပါကြောင်း အသိပေးတိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။

 

ကိုးကား
    -    နေဗီယာမြက်    စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ။