
ရန်ကုန် ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂ သာမိ၏ တိပိဋကာ လင်္ကာရ ပရိယတ္တိစာသင်တိုက်တည် (၂၅)နှစ်ပြည့်နှင့် ဒွိပိဋကဓရဘွဲ့ရ (၂၅)နှစ်ပြည့် ငွေရတုမင်္ဂလာပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် က သာကေတမြို့နယ်ရှိ အဆိုပါ စာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ဧည့်ပရိသတ်များ က ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထ ဝါစကပဏ္ဍိတဘဒ္ဒန္တသုမင်္ဂလ က ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ၏ ထေရုပ္ပတ္တိအကျဉ်းနှင့် ကျောင်း တိုက်သမိုင်းအကျဉ်းကို ဖတ်ကြား ပူဇော်ပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်(စီမံ) ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိန်မော်က ငွေရတု မင်္ဂလာ ဆင်ယင်ကျင်းပပုံများကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး တိုင်းဒေသ ကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီ တော်အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့များ၊ ဌာနဆိုင် ရာများမှတာဝန်ရှိသူများ၊ အသင်း အဖွဲ့များ၊ မတည်အလှူရှင်များ နှင့် ခုနစ်ရက် သားသမီး အလှူရှင် များက အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။
အဆိုပါ ငွေရတုမင်္ဂလာ ကျင်းပရာ၌ ဒေါ်လွင်လွင်အောင် (Lwin Group) မိသားစုတို့က ဆရာတော်အား သိက္ခာထပ်မင်္ဂလာ ကျင်းပပြီး သံဃာတော် ၁၀၈ ပါး တို့အား လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)