တိမ်ပလီတဲ့ ပုဂံနေရီရီ ပန်းချီပြပွဲ ကျင်းပမည်

 

ရန်ကုန်    ဇန်နဝါရီ    ၁၀


ရန်ကုန်တိုင်းဒေသကြီး   တောင်ဥက္ကလာပမြို့နယ်  စာရေး ဆရာအသင်းနာယက ပန်းချီစိုးမြင့်ဒွဏ်း၏ စတုတ္ထအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲကို အမှတ် (အမှတ်၁၅-၂၀)၊ ဂျိုးဖြူ လမ်း အောင်ဆန်းအားကစားကွင်းမြောက်ဘက်ရှိ OK ART GALLERY ၌ ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ပြသမည် ဖြစ်ပြီး  မည်သူမဆို  အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 


 ပန်းချီပြပွဲအမည်မှာ  “တိမ်ပလီတဲ့ ပုဂံနေရီရီ”  ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားပုထိုးများ၏ ပုံရိပ်များကို နေဝင်ဆည်းဆာအလှတရားများနှင့် တွဲဖက်ဖန်တီးရေးဆွဲ ထားသော ပန်းချီကားများဖြစ်ကြောင်း ဆီဆေးဖြင့် ရေးဆွဲ ထား‌သော  ပန်းချီကားပေါင်း  ၂၅ ကား  ပြသမည်ဖြစ်ပြီး (၁၈x၂၄) လက်မနှင့် (၃၆x၄၂) လက်မ အရွယ်ပန်းချီကားကြီး များလည်း ပါဝင်ကြောင်း သိရသည်။

 

ခင်ဆွေနှင်း(ပြန်/ဆက်)