တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Taur Matan Ruak ၏ ဇနီး Madame Isabel da Costa Ferreira ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

 

ရန်ကုန်    ဇွန်     ၂၃


နိုင်ငံခြားရေး     ဝန်ကြီးဌာန မဟာဗျူဟာ     လေ့လာရေး နှင့်    လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဖြိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် တီမောလက်စ်တေ နိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Taur Matan Ruak ၏ ဇနီး Madame Isabel  da    Costa    Ferre- ira   ကွယ်လွန်ခဲ့သည့်အတွက် အမှတ်(၁၀၇)/ E  ဗဟိုလမ်း  ကရင်ခြံရပ်ကွက် အလုံမြို့နယ် ရန်ကုန်မြို့ရှိ     မြန်မာနိုင်ငံ ဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ် စာအုပ်တွင် သွားရောက် လက် မှတ်ရေးထိုးသည်။

သတင်းစဉ်