
နေပြည်တော် မတ် ၃
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ (၂၆) နှစ်မြောက် တိုင်းနှစ်ပတ် လည်နေ့ စစ်ရေးပြအခမ်းအနား ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ် လည်နေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို စစ်ရေးပြအစီအစဉ်အတိုင်း ဆက် လက်ကျင်းပသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် အရာရှိ၊ စစ်သည်၊ မိသားစုများကို ဂုဏ်ပြုဆုများ ပေးအပ်ခြင်းကို တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း တံဆိပ်နှင့် မြန်မာနိုင်ငံစစ်မှုထမ်း သင်္ဂဟတံဆိပ် ရရှိသူများကို လည်းကောင်း၊ သင်တန်းအသီးသီး တွင် ဆုရရှိကြသူများအား လည်း ကောင်း၊ အိမ်ထောင်သည်လိုင်း ခန်း သန့်ရှင်းရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတွင် ဆု ရရှိကြသူများအား လည်းကောင်း တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်