
ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ (၃၀-၃-၂၀၂၁)ရက်နေ့တွင် တေးသံ သွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁) ဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား (၁) နှစ် သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။
မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပါက တေးသံသွင်း လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့် အခန်း(၂)၊ အပိုဒ် ၁၁ နှင့် ၁၂ အရ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ရက်ပေါင်း (၃၀) ကြိုတင်ပြီး သတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀/- (ကျပ် ငါးထောင်တိတိ) ပေးသွင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ လည်းကောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များအတွင်းဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ လည်း ကောင်း ဆက်သွယ်၍ တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ်သက်တမ်းတိုးခြင်းများကို လာရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များဖြင့် လုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက် လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း -၀၁-၇၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းအသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန