တောင်ဥက္ကလာပမြို့နယ်၌ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဆွေးနွေး

 

ရန်ကုန်  နိုဝင်ဘာ   ၁၅
ရန်ကုန်တိုင်းဒေသကြီး    တောင် ဥက္ကလာပမြို့နယ်    အမှတ်(၂) အခြေခံပညာ       အထက်တန်း ကျောင်း         သီရိမြန်မာခန်းမ၌ သတင်းမီဒီယာ    ကောင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပသော သတင်းမှား၊ သတင်း မှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိ ပညာပေးဆွေးနွေးပွဲကို        ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ         ဆွေးနွေးပွဲကို မြန်မာနိုင်ငံ         သတင်းမီဒီယာ ကောင်စီ        အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် ကောင်စီဝင် ဦးနေထွန်းဝင်းတို့က ကျောင်းသား ကျောင်းသူများအား  သတင်းမှား၊ သတင်းမှန်    ခွဲခြားသုံးသပ်တတ် စေရန်နှင့်        သတင်းတစ်ခုကို  စိတ်ခံစားချက်လိုက်  မယုံကြည် ဘဲ    သေချာစိစစ်တတ်စေရန်၊ သတင်းအချက်အလက်   နည်း ပညာဆိုင်ရာ    သိမှတ်ဖွယ်ရာများ ကို အသိပညာပေး ဆွေးနွေးဟော ပြောခဲ့သည်။ 
ယင်းနောက်    မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ     ဥက္ကဋ္ဌ ဦးအုန်းမောင်  (မြင်းမူမောင်နိုင်မိုး)က  အမှားအမှန် ဆုံးဖြတ်ပိုင်းခြား နိုင်ရေးအတွက်   စာပေအသိရှိရန် လိုကြောင်းနှင့်     စာပေကဗျာ ဆိုင်ရာ   သိမှတ်ဖွယ်ရာများကို     ဆွေးနွေးဟောပြောသည်။ 
ယင်းနောက်       အမှတ်(၂)   အခြေခံပညာ          အထက်တန်း ကျောင်း ကျောင်းအုပ် ဆရာမကြီး မှ ကျေးဇူးတင်စကား ပြောကြား သည်။
အဆိုပါ     အသိပညာပေး ဆွေးနွေးပွဲသို့ အမှတ်(၂)အခြေခံ ပညာ      အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၀၀ နှင့် ဆရာ ဆရာမများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အင်ကြင်း 
(ပြန်/ဆက်)