
မကွေး မေ ၁
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဧပြီ ၂၉ ရက် က လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေ ဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တောင်တွင်းကြီးမြို့နယ် တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုး ထားသည့် ဝက္ကသေးကျေးရွာ ဧက ၁၀၀ စံပြကွက် တင်း ၁၂၀ နှင့်အထက်ထွက်ရှိရေး ဝက္ကသေး ကျေးရွာအုပ်စု ကွင်းအမှတ် ၂၆၀၀ တောင်သူ ဦးဇေယျာဦးနှင့် ဦးမျိုးမင်းထွန်းတို့၏ စိုက်နည်း စနစ် စမ်းသပ်လယ်ကွက်များ အနီးတွင် ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် တောင်တွင်း ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဒေါ်ခင်မျိုးအေးက နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသော ဧက ၁၀၀ စံပြ စိုက်ခင်းတွင် တင်း ၁၂၀ နှင့် အထက် ထွက်ရှိရေးဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဒေသခံတောင်သူလယ်သမား များအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်စနစ်မှန်ကန်စေရေး နှင့် စပါးအထွက် တိုးရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးရန် မှာကြားကာ တက်ရောက်လာ သော တောင်သူကြီးများ၏ သိရှိ လိုသည့် တင်ပြဆွေးနွေးမှုများ နှင့် ပတ်သက်၍ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ပြောကြားသည်။ တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာ ရရှိရေးအတွက် ဆည်ရေသောက် စနစ်များ ပြန်လည်ပြုပြင်ပြီး အထက်/အောက် ရေလှည့်စနစ် သတ်မှတ်၍ စနစ်တကျရေပေးဝေ မည်ဖြစ်သည့်အတွက် တောင်သူ များမှ ရေအလေအလွင့် နည်းပါး စေရေး ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် စိစစ်ဧက ပြည့်မီစွာ စိုက်ပျိုး နိုင်ပြီး တောင်သူများ ဝင်ငွေ တိုးတက်၍ လူနေမှုအဆင့်အတန်း မြင့်မားကာ အလုပ်အကိုင်အခွင့် အလမ်းများ ခံစားရရှိစေမည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း တို့ကြောင့် စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှု ရေးနယ်ပယ်များ ဖွံ့ဖြိုးရေး တိုးတက်လာစေရန် အထောက် အကူပြုမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာသော တောင်သူ ၅၇ ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နွေစပါးဧက ၁၀၀ စံပြစိုက်ကွက်ကို ကြည့်ရှု ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တောင်တွင်းကြီးမြို့နယ် ရန်ပယ်ရေလှောင်တမံသို့ ရောက်ရှိ ပြီး ရေဝင်ရောက်မှုအခြေအနေ၊ နွေစပါးအောင်မြင်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် အောင် ရေများ အခက်အခဲမရှိ လုံလောက် စွာ ပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေလှောင် တမံတာဝန်ရှိသူများအား တာ တမံ ကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ကြ ရန်နှင့် ဆည်ရေသောက်ဧရိယာ အတွင်း စိစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်း ဆုံး မြောင်းဖျားထိ ရေပေးဝေနိုင် ရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက် ရန် မှာကြားခဲ့ကြောင်းနှင့် တောင် တွင်းကြီးမြို့နယ် ရန်ပယ် ရေလှောင်တမံဆည်ရေဖြင့် နွေ စပါးဧက ၉၀၀ စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ဧက ၁၁၃၀ အထိ နွေစပါးများ လျာထား ဧက ကျော်လွန်စွာ စိုက်ပျိုးနိုင် ကြောင်း သိရသည်။
မောင်ညီညာ