
နေပြည်တော် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ အမှတ် (၆)ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၈ နှစ် အရွယ်လူငယ်တစ်ဦးသည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်မှာ တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှ ခြေလျင် ဖြတ်သွားချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တပ်မတော်သို့ဝင်ရန် အတင်း အဓမ္မခြိမ်းခြောက်ခဲ့သောကြောင့် ငွေကြေးဖြင့် ပြန်ရွေးခဲ့ရကြောင်း မဟုတ်မမှန် လုပ်ကြံ သတင်းများ ရေးသားနေသည့် မြေလတ် အသံသတင်းမီဒီယာမှ လူမှုကွန်ရက်သတင်း စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။
ခေါ်ယူစစ်ဆေးမှုများပြုလုပ်
အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေး တိုင်းဒေသကြီးမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မသင်္ကာ ဖွယ်အမျိုးသားတစ်ဦးမှ ခေါက်တုန့်ခေါက်ပြန် သုံးကြိမ်ခန့် လမ်းလျှောက်နေသဖြင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များက လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ၎င်းသည် အရက်အလွန်အကျွံ သောက်စားထားကာ မေးမြန်းမှုများအား ပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မပါ ရှိကြောင်း၊ ၎င်းနှင့်အတူ အဝတ်ထုပ် တစ်ထုပ်၊ ငွေကျပ် ၁၀၀၀ ကို တွေ့ရှိရပြီးအချိန်အနည်းငယ် ကြာမှသာ အဆိုပါလူငယ်၏ မိခင်ဖြစ်သူ ရောက်ရှိလာပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့ ကြောင်း၊ ပိုက်ဆံဖြင့် ရွေးယူသွားသည်မှာ မဟုတ်ကြောင်း သိရှိရသည်။
ရေးသားဖြန့်ဝေနေ
သို့ဖြစ်ပါ၍ တရားမဝင်မီဒီယာများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက် ဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ချိန်တွင် သတင်းအမှားများဖြင့် သွေးထိုးလှုံဆော်မှု များ ဆက်တိုက်ထုတ်လွှင့်ရေးသားလျက်ရှိပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများ ဖြင့် ပြည်သူကို သတင်းအဆိပ်ခတ် ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်