
မူဆယ် ဧပြီ ၂၁
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသော “မိုးမခ” ဖောင်ဒေးရှင်း၏ ကူညီ ချိတ်ဆက်မူဖြင့် မူဆယ်မြို့ တော်ရွက်ရပ်ကွက် အဆုံးမရှိ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးလွင်ဦး ဦးဆောင်၍ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးနှင့် ကြက်ခြေနီစေတနာ့ လုပ်အားရှင်များသည် ဧပြီ ၂၁ ရက်တွင် မူဆယ်ခရိုင် ကွတ်ခိုင် မြို့နယ် နမ့်ဖတ်ကာကျေးရွာ အနောက် ဘက် တောင်ပေါ်ဒေသ ၁၂ မိုင်၊ (ခ)မိုင်းလွမ်းကျေးရွာတွင် ပြီးခဲ့သည့် ဧပြီ ၇ ရက်က တောမီး လောင်ကျွမ်းမှုကြောင့် အခက် အခဲရှိနေသည့် မီးဘေးသင့်ပြည်သူ များအား အလှူရှင်များကိုယ်စား အထောက်အပံ့ ပစ္စည်းများ သွားရောက်လှူဒါန်းပေးသည်။
ထောက်ပံ့လှူဒါန်း
ထိုသို့ ထောက်ပံ့လှူဒါန်းရာ တွင် မန့်မိုင်အုပ်စုအတွင်းရှိ မန့်မိုင် ကျေးရွာ၊ မန့်ပိန်းကျေးရွာ၊ လော ကြူးကျေးရွာ၊ မိုင်ခမ်းကျေးရွာ၊ ပန်မောင်းကျေးရွာ စသည့်အုပ်စု ငါးရွာမှ စုပေါင်းထောက်ပံ့ အလှူ ငွေကျပ် ၉၁၃၁၀၀၀ အပါအဝင် တရုတ်ပြည် ရင်ကျန်းမြို့နေ ဦးထိန်ချုန်း ဦးဆောင်သော မြန်မာနိုင်ငံသားများ ပရဟိတ အဖွဲ့မှ မိသားစု ခြင်ထောင် အလုံး ၄၀၊ တစ်ယောက်အိပ် ခြင်ထောင်အလုံး ၆၀ စုစုပေါင်း ခြင်ထောင်အလုံး ၁၀၀၊ ဦးမိုးစက် နှင့် မသိမ့်မိသားစုက အိုးခွက် ပန်းကန်နှင့် မီးဖိုချောင်သုံးပစ္စည်း များ၊ မအားချင်းမိသားစုက အဝတ်အထည်များနှင့် အမျိုးသား အမျိုးသမီး၊ ကလေး၊ လူကြီးသုံး ဖိနပ်အမျိုးမျိုး၊ မမိန်မိန်းမိသားစုက စတီးထမင်းစားပန်းကန်နှင့် ဟင်း ရည်သောက်ပန်းကန် စုစုပေါင်း ပန်းကန်ပြား အလုံး၁၀၀၊ မြတ်နိုး OS မိသားစုက ကလေး လူကြီး ကျား/မ အဝတ်အထည်အသစ် ပါကင် ၄၀၀၀ ကျော်၊ မနန်းထိုက် မိသားစုက ကျား/မ ကလေး လူကြီး အဝတ်အထည်အသစ်များ၊ ကိုအောင်ကျော်+မအုန်းရီမိသားစု က ကလေးလူကြီးသုံး တစ် ယောက် ခြုံစောင်နှင့် နှစ်ယောက် ခြုံထည်စောင်များ၊ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆုံးမရှိ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးလွင်ဦးနှင့် အသင်းသူ အသင်းသားများက ဆေးဝါး အမျိုးမျိုးစသည်ဖြင့် ထောက်ပံ့ လှူဒါန်းပေးကာ မီးဘေးသင့် ခံရသူများက လက်ခံယူကြ သည်။
ကူညီဆောင်ရွက်ပေး
မီးဘေးသင့်ခံစားနေရသူများ က “မီးလောင်ပြီး မကြာခင်မှာ အလှူရှင်တွေနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေ ရောက်လာကြ ပြီး အဝတ်အစားတွေနဲ့ စားသောက်စရာတွေ လှူဒါန်းပေး ကြပါတယ်။ အခုလောလောဆယ် မိုးမကျခင်လေးမှာ အိမ်ကိုအမြန် ဆုံးပြန်ဆောက်နိုင်ဖို့အတွက်ရယ်၊ မီးလောင်ပြီးနောက်ပိုင်း စိတ်ပိုင်း ဆိုင်ရာထိခိုက်သွားတဲ့ အဘိုး အဘွားများ၊ ကလေးငယ်များနဲ့ ကျန်းမာရေး မကောင်းတဲ့သူများ အတွက် ဆေးဝါးများနဲ့ ကျန်းမာ ရေး ကူညီစောင့်ရှောက်မှုများ လာရောက် ကူညီဆောင်ရွက်ပေး နိုင်မယ်ဆိုရင်ပိုပြီး အဆင်ပြေပါ တယ်”ဟု ပြောသည်။
သန့်ဇင်(မြန်မာ့အလင်း)